နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီ ဦးကျော်သူ ၏ဖခင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးစိန်တင်(အမျိုးသားရုပ်ရှင်)၏ဈာပနအား ယနေ့ မတ် လ ၅ ရက် နံနက် ၉ နာရီအချိန်က ရေဝေးသုသုဿန် ခန်းမ(၁/က)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်း ဈာပနာသို့ သားဖြစ်သူ ဦးကျော်သူနှင့် ချွေးမတော်စပ်သူ ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်တို့ လာ ရောက်နိုင်ခြင်းမရှိကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားတစ်ဦးက မဇ္ဈိမကိုပြောသည်။
ကွယ်လွန်သူ အသက် ၈၉ နှစ်အရွှယ် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) အား ရန်ကုန်နာရေးကူညီမှုအသင်းသူ အသင်းသားများက ဉီးဆောင်၍ ဂူသွင်းသဂြိုဟ်ပေးခဲ့ခြင်းဖြစ်သည်။
အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်သူ ဦးစိန်တင်သည် မတ်လ ၃ ရက် နံနက် ၄ နာရီ ၁၀ မိနစ် အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက် ၂၀၁၃ ခုနှစ်က အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး ၏ ရုပ်ရှင်ထုတ်လုပ်ခွင့်လိုင်စင်အပါအဝင် အမျိုးသားရုပ်ရှင်လုပ်ငန်းတစ်ခုလုံးကို လှူဒါန်းခဲ့သူလည်းဖြစ် သည်။
ဓာတ်ပုံ-FFSS
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ