တရုတ်တွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားလာပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးများ ရှားပါးလာ

တရုတ်တွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားလာပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးများ ရှားပါးလာ

တရုတ်နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ဆေးဆိုင်များတွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးများ ပြတ်လပ်လျက်ရှိပြီး တရုတ်က ပိတ်ဆို့မှုများ ပြန်လည်ဖွင့်လှစ်လိုက်ချိန် ကိုဗစ်-၁၉ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် ဆေးဝါးများအလုအယက်ဝယ်ခဲ့ကြသည့် ဖြစ်ရပ်နှင့် ဆင်တူနေသည်။ 

Tamiflu အမည်ဖြင့် ရောင်းချလေ့ရှိသည့် oseltamivir အလားတူဆေးဝါးများသည် မကြာသေးမီရက်များအတွင်း တရုတ်နိုင်ငံအနှံ့အပြားရှိ အထိုင်ဆေးဆိုင်များနှင့် အွန်လိုင်းဆေးဆိုင်များတွင်ပါ ပြတ်လပ်သွားဟန်ရှိပြီး  အချို့ဆိုင်များသည် လက်ကျန်ဆေးဝါးများကိုပါ အကုန်ရောင်းချလိုက်ရကာ ရက်ပိုင်းခန့်စောင့်ရမည့် အမှာစာများကိုသာ လက်ခံတော့ကြောင်း ပြည်တွင်းမီဒီယာများက သီတင်းပတ်ကုန်တွင် ဖော်ပြခဲ့သည်။

တရုတ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှု လျော့ပါးသွားသော်လည်း တုပ်ကွေးသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်အကြား ပြန်လည်ဝင်ရောက်လာပုံရသည်။

တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းသည် ဖေဖော်ဝါရီ တတိယအပတ်တွင် ၁၀ ရာခိုင်နှုန်းကျော်မှ ၁၄ ဒသမ ၃ ရာခိုင်နှုန်းသို့ ခုန်တက်သွားသည်။

တရုတ်တွင် ကိုဗစ်-၁၉ လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းပြီးနောက် ကူးစက်မှုမြင့်တက်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းနောက်ပိုင်း ပထမဆုံးဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်မှုထက် တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းက ပိုများကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ထုတ်ပြန်သော အချက်အလက်များက ဖော်ပြခဲ့သည်။

တုပ်ကွေးနှင့် ဆက်စပ်သော ကုမ္ပဏီများ၏ ရှယ်ယာများလည်းထိုးတက်သွားခဲ့သည်။ အလားတူဆေးဝါး oseltamivir ကို ထုတ်လုပ်သည့် YiChang HEC ChangJiang Pharmaceutical ကုမ္ပဏီသည် အမြတ်ငွေကို ၂ ရာခိုင်နှုန်းမလျှော့ချခင် ရှယ်ယာဈေးနှုန်းမှာ ၁၂ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့သည်။

ဆေးကုမ္ပဏီ BrightGene Bio-Medical Technology ၏ ရှယ်ယာဈေးနှုန်းများသည် ၈ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး Hunan Nucien Pharmaceutical သည် ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

တုပ်ကွေးရောဂါကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက မြို့အများအပြားရှိ စာသင်ကျောင်းများတွင် စာသင်ခန်းများကို ရပ်နားထားသည်။

တုပ်ကွေးနှင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုမှသည် အထက်လန်အောက်လျှောဖြစ်ခြင်းနှင့် ရေကျောက်အထိ ကူးစက်မှု အများအပြားကို တွေ့ရှိပြီးနောက် တရုတ်ကျန်းမာရေးနှင့် ပညာရေးအာဏာပိုင်များက ကျောင်းများတွင် စာသင်ခန်းအတွင်း သင်ကြားမှုကို ရက်အနည်းငယ် ဆိုင်းငံ့ခဲ့သည်။

တရုတ်တွင် တုပ်ကွေးဗိုင်းရပ်စ် တိုက်ဖျက်ရေးဆေးဝါးများ ပြတ်လပ်မှုကို ယခင်ကလည်း တွေ့ကြုံခဲ့ဖူးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly