မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၈ ဦးသေဆုံးဟုဆို

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၈ ဦးသေဆုံးဟုဆို

မဇ္ဈိမ။      ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

ကားလေးစီး ၊ ဆိုင်ကယ် ၁၀ စီးဖြင့် အင်အား ၆၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို နဘူးအိုင်ရွာတောင်ဘက်၊ မြောက်ပင်လယ် ဆည်ဘောင်အနီးတွင် ပဒေသာ နှစ်ဆင့်မိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“စစ်ကြောင်းထိုးပြီး ပြန်လာတယ်ဆိုတာ ကြိုတင်သတင်းရလို့ သူတို့ ပြန်မယ့်လမ်းကြောင်းမှာ ကြိုတင် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ သူတို့က တိုက်ခိုက်ခံလိုက်ရတဲ့နေရာမှာရှိတဲ့ လူ(ပြည်သူ)တွေကို စစ်ဆေးမှုတွေ လုပ်နေတာ စစ်ဆေးခံခဲ့ရတဲ့ ပြည်သူတစ်ဦးက ပြန်ပြောလို့ သိရတာ” ဟု ၎င်းကပြောည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ ကားတစ်စီး ပျက်စီးသွားပြီး တိုက်ခိုက်ခံခဲ့ရသည့်နေရာ၌ပင် ထားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မြင်းခြံမြို့နယ်အတွင်းရှိ ဆေးရုံများ၊ စာသင် ကျောင်းများ နှင့် ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်လေ့ရှိကြောင်း နဂါးနီးပြောက်ကျားတပ်ဖွဲ့  တာဝန်ရှိသူကဆိုသည်။

“သူတို့က တစ်နေရာကို အင်အား ၃၀ ကနေ ၅၀ လောက်ထိ သုံးပြီးတပ်စွဲထားကြတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်အတွင်း အရပ်သားပြည်သူများကို ဖမ်ဆီးစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိပြီး ကျေးရွာများကို စစ်ကြောင်းထိုးသည့် အချိန်များတွင်လည်း နေအိမ်များရှိ ပစ္စည်းများကို ယူဆောင်လေ့ရှိကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက သည်။

“ပြည်သူတွေအားလုံးကို ခြောက်လှန့်ထုတ် ပြည်သူတွေထွက်ပြေးပြီဆိုရင် အထဲမှာ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ကားနဲ့ထိုးတင်တယ် ပြီးပြီဆိုလို့ အိမ်အခွံချည်း ကျန်ပြီဆိုရင် မီးနဲ့ရှို့ပစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required