တူရကီမှာ အင်အားအလွန်ပြင်းတဲ့ ငလျှင်လှုပ်ခဲ့တာကြောင့် တနိုင်ငံလုံးအနှံ့ တက္ကသိုလ်ကျောင်းတွေ ခေတ္တပိတ်ထားပြီး အနီးအနားမြို့တွေက တက္ကသိုလ်ကျောင်းဆောင်တွေမှာ ငလျှင်ဘေးဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးထားကြောင်း ပါရဂူ ဘွဲ့ မြန်မာအင်ဂျင်နီယာကျောင်းသားတဦးက ဗွီအိုအေကိုပြောပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံတွေအောက် ပိတ်မိနေသူတွေထဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူတွေကလည်း သူတို့ရဲ့ ခြောက်ခြားတုန်လှုပ်ဖွယ်အတွေ့အကြုံတွေကို ပြောပြခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်။