ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ နာမည်ကြီး ပျူခေါင်းဆောင် သေဆုံး

ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ နာမည်ကြီး ပျူခေါင်းဆောင် သေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၂၁ ရက် နေ့ နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် မှုများဖြစ်ပွားခဲ့ပြီး နာမည်ကြီး ပျူခေါင်းဆောင်တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံးသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဦးခန့်မှ ထောင်လာဂျီ၊ ဆိုင်ကယ်တို့ဖြင့် ရောက်ရှိ လာပြီး ၄၀ မမ ဗုံးသီးဖြင့်ထုကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ပျူခေါင်းဆောင် ကိုင် ဆောင်သည့် ကာဘိုင်သေနတ် တစ်လက်၊ ကျည် ၇၀ တောင့်၊ ကျည်ဘောက် သုံးခုသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဆင်ရွာကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အခြေပြုပြီးလှုပ်ရှားနေသည့် ပျူအဖွဲ့သည် ဆင်ရွာကြီးကျေးရွာအပါ အဝင် အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် နွယ်နီ၊ ကျွဲရေကုန်း၊ မြကန်သာစသည့် ကျေးရွာများတွင် လက်နက်ပြ မိုက်ကြေးခွဲနေသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ကိုယ်သူတို့ ပြည်သူ့စစ်ဆိုပြီး မိုက်ကြေးခွဲနေတဲ့ကောင်တွေ။ သေသွားတဲ့သိန်းရွှေဆို သေနတ်တစ်ကိုင်ကိုင် နဲ့ ဟိုဟောက်လိုက်၊ ဒီဟောက်လိုက် လုပ်နေတဲ့ကောင်။ သူ့ကြောင့် ရွာက CDM ဆရာမလေးနဲ့ သားဖွားဆရာမ လေးလည်း အဖမ်းခံရဘူးတယ်။ မထင်ရင် မထင်သလို လက်ညှိုးထိုးဖမ်းခိုင်းနေတာ”ဟု ဒေသခံတစ်ဦးက ပြော သည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသူ ပျူသုံးဦးကို နန်းတွင်းစစ်ဆေးရုံတွင် ကုသပေးနေပြီး အခြေအနေမကောင်းကြောင်း မိသာစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မနေ့ကတည်းက သူတို့မိသားစုဝင်တွေက စိုးရိမ်ပြီးလိုက်မေးနေကြတာ နန်းတွင်းမှာလို့ပဲသိရတယ်တဲ့။ ဒဏ်ရာ ပြင်းလို့ သက်သာရင်တွေ့ရမှာပါလို့ စစ်ဗိုလ်ကပြောတယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး လတ်တလောတွင် ဆင်ရွာကြီးကျေးရွာ အနီးဝန်းကျင်တွင် စစ်သား ၃၀ ခန့်ဖြင့် ရှာဖွေစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required