ယင်းမာပင်မြို့နယ်မှ အမှတ်(၂၈) ရဲတပ်ရင်းတိုက်ခိုက်ခံရပြီး ရဲတပ်သား ၂ ဦး ဒဏ်ရာရ

By လွှမ်းမိုး(မဇ္ဈိမ)
20 February 2023
ယင်းမာပင်မြို့နယ်မှ အမှတ်(၂၈) ရဲတပ်ရင်းတိုက်ခိုက်ခံရပြီး ရဲတပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်းမအနီးရှိ အမှတ်(၂၈) ရဲတပ်ရင်းကို Regional Friend Fighters (RFF) တိုက်နယ် (၂) ပ.က.ဖ များက ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

အမှတ်(၂၈)ရဲတပ်ရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း (RFF) အဖွဲ့တာဝန်ခံက ဆိုသည်။

“စစ်သားနဲ့ရဲတွေက ညဖက်ကြီးမှာ သီချင်းတွေဖွင့်ပြီး သောက်စား၊ အော်ဟစ်၊ သေနတ်ဖောက်တာတွေ လုပ်နေကြတာ။ အဲဒီအချိန်မှာ ကျနော်တို့က ဗုံးသီးလေးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ နှစ်လုံးကတော့ ဆိုင်ကယ်တွေထားတဲ့နေရာကျပြီး ပေါက်ကွဲသွားတယ်။ ကျန်နှစ်လုံးထဲကတစ်လုံးကတော့ ရဲတွေအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသွားတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Regional Friend Fighter (RFF) နှင့်အတူ ဒေသခံမဟာမိတ်တပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required