ရှမ်းတွေ ဘာရင်ဆိုင်နေရလဲ

ရှမ်းတွေ ဘာရင်ဆိုင်နေရလဲ

ရှမ်းပြည်နယ်အတွင်းမှာ ရှမ်း၊ ပအိုဝ်၊ ပလောင်၊ ဝ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိပါတယ်။

ရှမ်းလက်နက်ကိုင်အဖွဲ့တွေထဲမှာ အဓိကကျတဲ့ အဖွဲ့နှစ်ခုကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့တို့ပဲဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကြားထဲသာ တိုက်ခိုက်နေသာ မဟုတ်ဘဲ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားထဲမှာလည်း တိုက်ခိုက်နေတာ ဆယ်စုနှစ်ကြာပြီ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေ သက်ဆိုးရှည်နိုင်ဖို့ ထောက်ပံ့ပေးဖို့အတွက် ရှမ်းလူထုဟာ တွန်းအားပေးခံနေရပါတယ်။

ငွေကြေးထောက်ပံ့ပေးရသလို သူတို့ရဲ့သားတွေရဲ့ သွေးတွေကိုလည်း ဒီတပ်ဖွဲ့တွေ တိုက်ခိုက်ရာမှာ စတေးခံနေရပါတယ်။

ဒီလို အချင်းချင်းတိုက်ခိုက်နေတာကြောင့် ရှမ်းပြည်နယ်ရဲ့ စီးပွားရေးဟာ ၂၀၁၂ နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာပြီး စစ်ကောင်စီဘက်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့ စီးပွားရေးဟာ ပြိုလဲသွားပါတော့တယ်။

တပ်မတော်ကနေလာတဲ့ အန္တရာယ်တစ်ခုတည်းတင်မဟုတ်ဘဲ ကိုယ့်လူမျိုးအဖွဲ့စည်းတွေဆီကနေလာတဲ့ ဒုက္ခတွေကိုပါ ရင်ဆိုင်နေရတဲ့ ရှမ်းအမျိုးသမီး သုံးဦးက ပြောပြထားတဲ့ အကြောင်းကို အခုမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုနိုင်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly