ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေး ဘဏ်စောင့်တပ်သား ၂ ဦး  အချင်းချင်းပစ်ခတ် ၁ ဦးသေဆုံး 

By လွှမ်းမိုး(မဇ္ဈိမ)
16 February 2023
ကနီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေး ဘဏ်စောင့်တပ်သား ၂ ဦး  အချင်းချင်းပစ်ခတ် ၁ ဦးသေဆုံး 

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ် ရှိ မြန်မာ့စီးပွားရေးဘဏ် အစောင့်တာဝန်ကျစစ်သားနှစ်ဦး အရက်မူးပြီး ရန်ဖြစ်ရာမှ အချင်းချင်းပစ်ခတ်၍ တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီ ဝန်းကျင်တွင် အရက်မူးပြီးရန်ဖြစ်ရာမှ အချင်းချင်းပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဟု ဘဏ်နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောပြသည်။ 

“ သေနတ်နဲ့ နှစ်ချက် ပစ်တာ ဖြစ်တယ်။ သေသွားတဲ့ စစ်သားက ရန်ဖြစ်နေလို့ ကြားထဲက ဝင်ဆွဲပေးတဲ့ စစ်သားလို့ သိရတယ်ဗျ။ တစ်ဦးကတော့ ရှပ်ထိ ထိသွားတယ်။ သေနတ်နဲ့ ပစ်တဲ့ စစ်သားက ပစ်ပြီးတာနဲ့ ငါ့နောက်လိုက်လာတဲ့ကောင် အသေပဲ” ဟု ပြောကာ ထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။ 

ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် စစ်သားကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက် ၉ နာရီ ခန့်တွင် ကနီမြို့ပေါ်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် စစ်သားနှင့် ရဲများ ပူးပေါင်းပြီး လက်နက်နှင့်အတူ ထွက်ပြေးခဲ့သည့် စစ်သားကို မြို့အနှံ့ လိုက်ရှာနေကြောင်း သိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly