မြောင်မြို့နယ် မရိုးကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့နေလို့ ရွာလုံးကျွတ် ထွက်ပြေးနေရ (ရုပ်သံ/ အင်တာဗျူး) 

မြောင်မြို့နယ် မရိုးကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့နေလို့ ရွာလုံးကျွတ် ထွက်ပြေးနေရ (ရုပ်သံ/ အင်တာဗျူး) 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်  မရိုးကုန်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့် အချိန်ခန့်မှာ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို စခန်းငယ်နှစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

မြောင်မြို့နယ်၊ မရိုးကုန်းရွာ မှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်သားတွေ ထပ်မံဝင်ရောက်နိုင်တဲ့အတွက် ဒေသခံအများစု နီးစပ်ရာတောတောင် ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း မရိုးကုန်းရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ရှော့ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zamani Revolution Force က ဆိုပါတယ်။ 

မြောင်မြို့နယ်၊ မရိုးကုန်းရွာအနီးတိုက်ပွဲနဲ့ပတ်သက်ပြီး Zamani Revolution Force/ MMU Myaung အဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကဆက်သွယ်မေးမြန်းထားပါတယ်။ 

ရုပ်သံတည်းဖြတ် - KMN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly