အိုင်အက်စ်တပ်မှူး အိုမာအယ်လ်ရှီရှာနီ သေဆုံးကြောင်း အမေရိကန်အတည်ပြု

အိုင်အက်စ်တပ်မှူး အိုမာအယ်လ်ရှီရှာနီ သေဆုံးကြောင်း အမေရိကန်အတည်ပြု

ဝါရှင်တန်၊ မတ်၁၅ ။           ။ Omar the Chechen ဟု ခေါ်ဆိုသော အိုင်အက်စ်ထိပ်တန်းတပ်မှူးတပ်မှူးတစ်ဦးသည် ဆီးရီးယားမြောက်ပိုင်းတွင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများရရှိပြီးနောက် သေဆုံးသွားသည်ဟု ပင်တဂွန်က မတ် ၁၄ တွင် အတည်ပြုသည်။

မတ် ၄က စစ်သွေးကြွယာဉ်တန်းအား တိုက်ခိုက်မှုတွင် အလိုရှိဆုံးစစ်သွေးကြွကို ပစ်မှတ်ထားခဲ့သည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားပြီးနောက် တစ်ပတ်အကြာ နာမည်ဆိုးဖြင့်   ကျော်ကြားသော အိုမာအယ်လ်ရှီရှာနီ၏ ကံကြမ္မာမှာ ရှင်းလင်းသွားဟန်ရှိသည်။ "ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် သူသေဆုံးသွားပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟု ပင်တဂွန်ပြောခွင့်ရ အမျိုးသားတစ်ဦးက  အေအက်ဖ်ပီသို့ ပြောသည်။

ရှီရှာနီသည့် ဒဏ်ရာများရရှိပြီးနောက် ရက်အနည်းငယ်အကြာ ဆေးပညာရှုထောင့်အရ သေဆုံးသွားပြီဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တနင်္ဂနွေနေ့က ပြောသည်။ တိုက်ပွဲအမည် တာခန်ဘာတီရက်ရှ်ဗီလီဟု ခေါ်သော ရှီရှာနီသည် ဆုကြေး ဒေါ်လာ ၅ သန်းထုတ်ထားသော ဝါရှင်တန်က အလိုရှိဆုံး အိုင်အက်စ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly