တိုက်ပွဲအတွင်းကျဆုံးသွားသည့် KNDF B-09 ရဲဘော် ၃ ဦး၏ စျာပနအခမ်အနား

တိုက်ပွဲအတွင်းကျဆုံးသွားသည့် KNDF B-09 ရဲဘော် ၃ ဦး၏ စျာပနအခမ်အနား

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှေ့တန်းတစ်နေရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က KNDF တပ်ရင်း အမှတ် (၉) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲအတွင်း KNDF B-09 ရဲဘော် သုံးဦးတို့ ရဲဝံ့စွာအသက်ပေး ကျဆုံးသွားခဲ့သည်။ 

ကျဆုံးသွားသည့်ရဲဘော် သုံးဦးမှာ ရဲဘော် ဂျိုးဇက် ၊ ရဲဘော် ရဲရင့် နှင့် ရဲဘော် လင်းအိမ်သစ်တို့ ဖြစ်ပြီး ၎င်းတို့၏ စျာပနအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

"ဆုံးရှုံးမှုအတွက် ကျန်ရစ်ခဲ့သောမိသားစုဝင်များနှင့်အတူ ကျွန်တော်တို့ ရဲဘော်များ လွန်စွာကြေကွဲဝမ်းနည်းရပါသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားသော အာဇာနည်သူရဲကောင်း သုံးဦးတို့အား အလေးနီပြုအပ်ပါတယ်" ဟု  KNDF B-09 မှ တာဝန်ရှိသူက ဆိုသည်။ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်၊ ဒေါတမကြီးလမ်းတွင် တိုက်ပွဲပြင်းထန်မှုများရှိနေသည့်အတွက် ပြည်သူများအနေဖြင့် သွားလာခြင်းမပြုလုပ်ကြရန်လည်း KNDFက ထုတ်ပြန်ထားသည်။ 

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required