ဇန်နဝါရီလ ၂၁ ရက်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ထောက်ပို့ပိုင်းအပြင် ကျရာတာဝန်ကို ထမ်းဆောင်ပြီး စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်နေကြတယ်လို့ AAC ကို ဦးဆောင်သူ ဦးရဲမင်းက မဇ္ဈိမကို ပြောပါတယ်။
“ကျွန်တော်တို့ဟာ အလှူပဲ ခံနေလို့ မရဘူး ကျွန်တော်တို့ကို ကူညီနေတဲ့သူတွေ ဒုက္ခရောက်နေရင်လည်း ကယ်တင်နိုင်ရမယ်၊ အဲဒီအတွက်လည်း NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့အတူ ထိုင်းရောက်မြန်မာ အလုပ်သမားအရေးကို ဆက်လက်ကြိုးစားပေးနေပါတယ်” လို့ ဦးရဲမင်းက ပြောပါတယ်။
ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေမှု အခြေအနေနဲ့ MOU အလုပ်သမားတွေ အလုပ်အကိုင် အကျပ်အတည်း ဖြစ်နေတဲ့ကြောင်းတွေကို AAC (အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ )တာဝန်ခံ ဦးရဲမင်းကို မဇ္ဈိမ သတင်းထောက် နောင်နောင်က မေးမြန်းထားပါတယ်။