လာအိုအမျိုးသမီး ခုနှစ်ဦးလျင် တစ်ဦးမှာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ခံနေရ

လာအိုအမျိုးသမီး ခုနှစ်ဦးလျင် တစ်ဦးမှာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ခံနေရ

ဘန်ကောက်၊ မတ် ၁၁ ။           ။ လာအိုတွင် အမျိုးသမီးခုနှစ်ဦးလျင် တစ်ဦးမှာ လင်ယောက်ျား သို့မဟုတ် ပါတနာများ၏ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းအရ အနိုင်ကျင့် အကြမ်းဖက်မှုဒဏ်ကို ခံနေရကြောင်း မတ် ၁၀က ထုတ်ပြန်သော ရှားပါးသည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ လာအိုတွင် ဆေးဝါးနှင့် တရားစီရင်ရေး ထောက်ပံံ့မှု ကောင်းစွာမရသေးပေ။

လာအိုအစိုးရနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ(UNFPA) က စီစဉ်ဆောင်ရွက်ပေးသော အစီရင်ခံမှုကို နိုင်ငံတစ်ဝန်းအမျိုးသမီးများနှင့် အင်တာဗျူး ၃,၀၀၀ ပြုလုပ်ရာမှ ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပွင့်လင်းမြင်သာမှုမရှိသော ကွန်မြူနစ်နိုင်ငံတွင် ယင်းကဲ့သို့ စစ်တမ်းကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ရာ ထိရောက်သည့် ပေါ်လစီကို အကောင်အထည်ဖော်ရန် အရေးကြီးသည့် စမှတ်တစ်ခုကို ပုံဖော်ခြင်းဖြစ်ကြောင်း အာရှ-ပစိဖိတ်ရှိ ကုလ၏ အမျိုးသမီးရေးရာ ဒု-ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အန်နာကာရင် ဂျတ်ဖောစ်က ပြောသည်။

အကြမ်းဖက်ခံရသည့် အမျိုးသမီးများအနက် ၅ ရာခိုင်နှုန်းကသာ ရဲကို တိုင်ပြီး ယင်းပမာဏထက်ပိုနည်းသည့်အရေအတွက်ကသာ ဆေးကုခံခဲ့ကြသည်။

အစောပိုင်းအသက်အရွယ်ကတည်းက စိတ်ဓါတ်များ ပျက်စီးနေခဲ့ရာမှ နောက်ဆုံးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်သူများနှင့် ပတ်သက်၍ ပြောင်းလဲပစ်ရေးအမျိုးသားများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကုလက လာအိုအစိုးရကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required