ဆက်တိုက်ကျဆင်းနေသော မတ်ပဲစျေး အနည်းငယ်ပြန်တက်လာ

ဆက်တိုက်ကျဆင်းနေသော မတ်ပဲစျေး အနည်းငယ်ပြန်တက်လာ

မတ်ပဲပေါ်ချိန်ကစပြီး တရိတ်ရိတ် ဆက်ကျနေတဲ့ မတ်ပဲဈေးနှုန်းများ ယခု တစ်ပတ်အတွင်းမှာ အနည်းငယ်ပြန်တက်လာတယ်လို့ မြန်မာနိုင်ငံ ပဲနှမ်းအသင်းက သတင်းရရှိပါတယ်။

တောင်သူတွေအနေနဲ့ မတ်ပဲဈေးဆက်ကျလာဖို့ စိုးရိမ်နေဆဲကာလမှာ ပဲအကျရပ်သွားပြီး  ပြန်တက်သွားတာ ဖြစ်ပါတယ်။

မတ်ပဲတစ်တန်ကို ဆယ့်လေးသိန်းဝန်းကျင်မှ အခုလက်ရှိ ဆယ့်သုံးသိန်းဝန်းကျင်ထိ ကျသွားခဲ့ပြီးတဲ့ နောက်မှာ ယခုရက်ပိုင်းအတွင်း သောင်းဂဏန်းလောက် ပြန်တက်လာတာပါ။

နယ်စုံကမတ်ပဲတွေ ကုန်စည်ဒိုင်တွေကို ဝင်လာတာဖြစ်တဲ့အတွက် ဈေးပြန်တက်လာခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံပဲနှမ်းအသင်းက ဒုဥက္ကဋ္ဌ
ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

တောင်သူတွေအနေနဲ့ ဈေးထပ်ကျရင် စိုက်စရိတ်၊ ပေါင်းသင်စရိတ်၊ ရိတ်သိမ်းခ နဲ့ သိုလှောင်ခတွေ နစ်နာသွားနိုင်တယ်လို့ စစ်ကိုင်းတိုင်းထဲက မတ်ပဲစိုက်တောင်သူတွေကဆိုပါတယ်။

“လောလောဆယ်တော့ စောင့်ကြည့်နေတုန်းပဲ။ အကျနဲ့တော့မရောင်းနိုင်သေးဘူး” လို့ စစ်ကိုင်းတိုင်းက မတ်ပဲနဲ့ ပဲစင်းငုံစိုက်ပျိုးသူ ဦးညွှန့်ရွှေကပြောပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ပဲအများစုကို အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တန်ချိန်တစ်သန်းခွဲ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required