ကိုဗစ် ကာကွယ်ဆေးစတုတ္ထအကြိမ် ဆေးထိုးရမည့်အစီအစဉ်နှင့် သီးခြားနေထိုင်သည့်အစီအမံများ အကောင်အထည်မဖော်ဘဲ ပြန်ဖွင့်ပါက တရုတ်တွင် လူ၁သန်းခန့်သေဆုံးနိုင်

By SCMP
26 December 2022
ကိုဗစ် ကာကွယ်ဆေးစတုတ္ထအကြိမ် ဆေးထိုးရမည့်အစီအစဉ်နှင့် သီးခြားနေထိုင်သည့်အစီအမံများ အကောင်အထည်မဖော်ဘဲ ပြန်ဖွင့်ပါက တရုတ်တွင် လူ၁သန်းခန့်သေဆုံးနိုင်

တရုတ်တွင်စတုတ္ထအကြိမ်မြောက်ကာကွယ်ဆေးထိုးခြင်း၊ကိုဗစ်ဆေးများနှင့်သီးခြားစီ ခပ်ခွာခွာနေထိုင်ရသည့် အစီအမံများအကောင်အထည်မဖော်ဘဲအပြည့်အဝပြန်ဖွင့်လိုက်ပါကလူ၁သန်းခန့်သေဆုံးနိုင်ကြောင်း ဟောင်ကောင် တက္ကသိုလ်မှ စာတမ်းတစ်စောင်က ခန့်မှန်းထားသည်။

ပြီးခဲ့သည့်သီတင်းပတ်ကကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများကိုဖြေလျှော့ပြီးနောက်အားလုံးလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့်သေဆုံးမှုနှုန်းမြင့်မားမှုကိုရှောင်ရှားရန် မဟာဗျူဟာများလိုအပ်ကြောင်း တက္ကသိုလ်ဆေးဘက်ဆိုင်ရာမဟာဌာနမှူးဟောင်းပါမောက္ခဂဘယ်ရီလန်းပါဝင်သောသုတေသီများကစာတမ်းတစ်စောင်တွင်ရေးသားခဲ့သည်။

"စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးခြင်း၊ကိုဗစ်ဆေးများ၊ပြည်သူ့ကျန်းမာရေးနဲ့လူမှုရေးအစီအမံများမပါဘဲလက်ရှိအနေအထားကိုပထမဆုံးစဉ်းစားကြည့်တော့ပြည်နယ်အားလုံးမှာကူးစက်ရောဂါတွေကတစ်ပြိုင်နက်တည်းတည်ရှိပြီးနေပါပြီ" ဟုစာတမ်းရေးသားသူများကဆိုခဲ့သည်။

"ဒီအခြေအနေမှာပြန်လည်ဖွင့်လှစ်လိုက်ရင်လူတစ်သန်းမှာ၆၈၄ယောက်လောက်သေဆုံးနိုင်ပါတယ်"

သတင်းစာ၏တွက်ချက်မှုများအရ၂၀၂၀ပြည့်နှစ်စာရင်းအရလူဦးရေ၁ဒသမ၄၁ဘီလီယံရှိသဖြင့်သေဆုံးသူ ၉၆၅၀ဝ၀ ခန့်ရှိနိုင်သည်။ကိုဗစ်ကြောင့်တရားဝင်သေဆုံးသူ၅,၂၅၃ဦးသာရှိသေးသည်။

တရုတ်တွင်နောက်ဆုံးညှိနှိုင်းချမှတ်ထားသည့်ကိုဗစ်-၁၉အစီအမံများကိုဆက်လက်ထားရှိပြီးအပြည့်အဝပြန်လည်ဖွင့်လှစ်ပါကဒီဇင်ဘာလနှင့်ဇန်နဝါရီလအတွင်းပြည်နယ်အားလုံးရှိကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည်မြင့်တက်လာသည့်ရောဂါဖြစ်ပွားမှုများကိုကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းလေ့လာမှုကဖော်ပြခဲ့သည်။

အစားအသောက်နှင့်ကျန်းမာရေးဆိုင်ရာလက်ထောက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သောလီအန်းကဟောင်ကောင်ပဉ္စမလှိုင်းဖြစ်ပွားချိန်တွင်ကွန်ပျူတာဖြင့်ဖော်မြူလာထုတ်၍ကြိုတင်ခန့်မှန်းချက်များကိုပြုလုပ်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုကောင်းစွာပေးနိုင်မည်ဆိုပါကဇွန်လလယ်တွင်ဟောင်ကောင်တွင်သေဆုံးသူအရေအတွက်သည်၇,ဝဝဝရှိလာနိုင်ကြောင်း၎င်းကဖေဖော်ဝါရီကခန့်မှန်းခဲ့ရာဇွန်လတွင်သေဆုံးသူ၉၀ဝဝခန့်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly