ဒီဇင်ဘာလ ၂၅ ရက်
စစ်ကောင်စီကို တွန်းလှန်နေသည့် ချင်းပြည်နယ် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် Zomi Federal Union (ZFU)/PDF Zoland ၏ အခြေခံစစ်ပညာ အပတ်စဉ်(၉)သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ နွေဦးတော်လှန်ရေးတွင်ပါဝင်သော ဇိုမီးရွေးကောက်ခံကိုယ်စားလှယ် များ၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့်ကလေးမြို့နယ်မှ ZFU ဌာနအသီးသီး၏ ခေါင်းဆောင် ကိုယ်စား လှယ်များ၊ မဟာမိတ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဖိတ်ကြားထားသော ဘာသာရေးခေါင်းဆောင် များ၊ ရပ်မိရပ်ဖများ၊ လူငယ်ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ အဖွဲ့အစည်းများမှ ဂုဏ်ပြုသဝဏ်လွှာများပေးပို့ခဲ့ကြပြီး အမျိုးသား ညီညတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၊ ဇိုမီးလွှတ်တော် ကိုယ်စား လှယ်များမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများ လည်းပါဝင်ခဲ့သည်။
အခမ်းအနားတွင် စစ်ရေးပြခြင်း၊ အလံတော်အား အလေးပြုခြင်း၊ ဆုတောင်းခြင်း၊ သမ္မာကျမ်းစာ ရွတ်ဆို ခြင်း၊ ဂုဏ်ပြုစစ်သီချင်းများသီဆိုခြင်း၊ တက်ရောက်လာသော ခေါင်းဆောင်များမှ ဝမ်းမြောက်ဂုဏ်ယူ စကားချီးမြှင့်ခြင်း၊ ထူးချွန်ဆုများပေးအပ်ခြင်းများပြုလုပ်ခဲ့ကြသည်။
ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် PDF Zoland ကို ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်တည် ထောင်ခဲ့ပြီး ZFU/ PDF Zoland နှင့် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်အထိ ချင်းပြည်နယ်၊ ဟန်ဇိန်ရွာတွင် ၁၀ ရက်ဆက် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ZFU/ PDF Zoland ဘက်မှ တူမီးသေနတ်များဖြင့်သာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈၀ ကျော် သေဆုံးခဲ့ ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ