ထိုင်ဝမ်ရေလက်ကြား လက်ရှိအနေအထားကို တရုတ်က လေးစားသင့်သည်ဟု ဂျပန် LDP ပါတီ မူဝါဒအကြီးအကဲက ပြောကြား

ထိုင်ဝမ်ရေလက်ကြား လက်ရှိအနေအထားကို တရုတ်က လေးစားသင့်သည်ဟု ဂျပန် LDP ပါတီ မူဝါဒအကြီးအကဲက ပြောကြား

ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော ထိုင်ဝမ်ကို စီးပွားရေးပြစ်ဒဏ်များ တိုးမြှင့်ချမှတ်လာသည့် တရုတ်အနေဖြင့် ထိုင်ဝမ်ရေလက်ကြား လက်ရှိအခြေအနေကို ပြောင်းလဲရန် အင်အားအသုံးပြုခြင်းအား ရှောင်ကြဉ်သင့်ကြောင်း ဂျပန်အာဏာရပါတီမှ အကြီးတန်းအရာရှိ ကိုအိချိဟာဂူဒါက ထိုင်ဝမ်ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။

ရေလက်ကြားတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းသည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် အရေးကြီးသည်ဟု ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒရေးရာ အကြီးအကဲ ကိုအိချိဟာ ဂူဒါက ပြောကြားခဲ့ကြောင်း Kyodo News သတင်းဌာနက ဖော်ပြသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအကြီးတန်းအရာရှိအဖြစ် ၁၉ နှစ်အတွင်း ထိုင်ဝမ်သို့ ပထမဆုံး အကြိမ်ရောက်လာသော ဟာဂူဒါက ဂျပန်သည် ဟန့်တားမှုများကို အားကောင်းအောင်လုပ်မည့် ကြိုးပမ်းအားထုတ်မှုအဖြစ် တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။

ထိုင်ဝမ်သမ္မဆိုင်အင်ဝမ်က ဂျပန်နှင့် မိတ်ဖက်ဆက်ဆံရေးနက်ရှိုင်းအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဟာဂူဒါနှင့် ဒီဇင်ဘာ ၁၀ ရက်ကတွေ့စဉ်ပြောကြားခဲ့ကြောင်း ထိုင်ဝမ်သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စိုင်အင်ဝမ်က ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်သော သဘောတူညီချက် (CPTPP ) တွင် ထိုင်ဝမ်အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံရန်လည်း ဂျပန်ကိုတိုက်တွန်းခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ကာကွယ်ရေးအသုံးစရိတ် သိသိသာသာတိုးမြှင့်ရန် ညွှန်ကြားခဲ့ပြီး ရက်ပိုင်းအကြာ၌ ထိုင်ဝမ်သမ္မတနှင့်တွေ့ဆုံခဲ့သောကြောင့် ဟာဂူဒါ၏ ခရီးစဉ်မှာ ထူးခြားလှသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် တရုတ်၏ အားထုတ်မှုများကို တွန်းလှန်ရန် အထီးကျန်နေသော ထိုင်ဝမ်သို့ လွှတ်တော်အမတ်များ မကြာခဏ စေလွှတ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required