အာဖဂန်၏ စီးပွားရေးတည်ငြိမ်မှုအတွက် လူသားချင်းစာနာမှု အကူအညီများအပေါ် မှီခိုနေရ

By Daily Hunt
13 December 2022
အာဖဂန်၏ စီးပွားရေးတည်ငြိမ်မှုအတွက် လူသားချင်းစာနာမှု အကူအညီများအပေါ် မှီခိုနေရ

အာဖဂန်နစ္စတန်နိုင်ငံမှ ပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲချို့တဲ့မှုတို့ကို ဆောင်းရာသီ ၂ နှစ်ဆက်တိုက် ရင်ဆိုင်နေရစဉ်မှာ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုအတွက် လူသားချင်းစာနာမှု အကူအညီ စီးဆင်းမှုများအပေါ် အဓိက မှီခိုနေရကြောင်း အမေရိကန် ငြိမ်းချမ်းရေး ဌာန (USIP) ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

“၂၀၂၁ ဩဂုတ်လက တာလီဘန်တွေ ထိန်းချုပ်ပြီးနောက်ပိုင်း စီးပွားရေး ပြိုလဲမှုကြောင့် ဝင်ငွေ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာက စားနပ်ရိက္ခာ မဖူလုံမှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ မိုးခေါင်မှုကြောင့် ဆက်တိုက်ဆိုသလို သီးနှံအထွက်နှုန်းတွေ ညံ့လာတာကလည်း အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

လုပ်သားအင်အားတွင် အမျိုးသမီးများကို ပိုမိုပါဝင်စေခြင်းက မိသားစုများ၏ ငွေကြေးအခြေအနေကို အဆင်ပြေစေကြောင်း အာဖဂန်အမျိုးသမီးတချို့က ပြောသည်။

“အမျိုးသမီးတွေက လူ့အဖွဲ့အစည်းရဲ့ တစ်ဝက်လောက်ရှိပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေကို အသုံးချနိုင်မယ့် အခွင့်အရေးကိုသာ ရမယ်ဆိုရင် စီးပွားရေးတိုးတက်မှုပိုင်းမှာ အောင်မြင်နိုင်ပါတယ်” ဟု ဆရာတစ်ဦးဖြစ်သည့် ရာဟီမားက ပြောသည်။

အာဖဂန်နစ္စတန်သည် လက်ရှိအချိန်တွင် ဆိုးရွားသော လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုနှင့် ရုန်းကန်နေရကြောင်း နိုင်ငံတကာ အကဲဖြတ်ချက်များတွင် ဖော်ပြထားသည်။ အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် အရေးပေါ် စားနပ်ရိက္ခာမဖူလုံသော လူအများဆုံးရှိသည့်နိုင်ငံဖြစ်ပြီး လူ ၂၃ သန်းကျော်သည် အကူအညီများ လိုအပ်နေသလို လူဦးရေ ၉၅ ရာခိုင်နှုန်းနီးပါးက အစားအစာ မလုံလောက်မှုနှင့် ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required