လျှပ်စစ်နှင့် ဓာတ်ငွေ့ပြတ်တောက်မှုများကြောင့်ပါကစ္စတန် ဘာလိုချီတန်ဒေသခံများ အခက်ကြုံနေရ

By The Print
07 December 2022
လျှပ်စစ်နှင့် ဓာတ်ငွေ့ပြတ်တောက်မှုများကြောင့်ပါကစ္စတန် ဘာလိုချီတန်ဒေသခံများ အခက်ကြုံနေရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် လျှပ်စစ်ဝန်အား လျှော့ချခြင်း၊ မကြာခဏ ဓာတ်ငွေ့ ပြတ်တောက်ခြင်းနှင့် စိုက်ပျိုးရေရရှိမှု ကျဆင်းခြင်းတို့က ဒေသခံပြည်သူများအတွက် အခက်အခဲပြဿနာများကို ဖြစ်ပေါ်စေပြီး ဒေသခံများအနေဖြင့် စိတ်ဆင်းရဲစရာကောင်းသည့် ဘဝများဖြင့် နေထိုင်နေကြရသည်။

မြေပိုင်ဆိုင်သော တောင်သူများသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် စိုက်ပျိုးရေ အခက်အခဲကြောင့် အကြီးအကျယ် ထိခိုက်ခံစားခဲ့ရပြီး နောက်ပိုင်းတွင် ထပ်မံကြုံတွေ့ရသည့် ရေကြီး၊ မိုးကြီးမှုများကြောင့်လည်း ၎င်းတို့၏ နေထိုင်မှုဘဝများအပေါ် လုံးလုံးလျားလျား ထိခိုက်စေခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

မိသားစု ရန်ငြိုးရန်စများကြောင့် ပြည်နယ်ကို ထိခိုက်စေခဲ့သလို မျိုးနွယ်စု ခရိုင်အများအပြားကိုလည်း ဘေးဖယ်ထားသလို ဖြစ်စေခဲ့ကြောင်း ဂျမတ်-အီ-အစ္စလမ္မီ ဘာလိုချီစတန်၏ အကြီးအကဲ မော်လာနာ အဗ္ဗဒူလ် ဟက်ခ် ဟက်ရှ်မီက ပြောသည်။

ထို့ပြင် ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့များက ပြည်သူများ၏ အခြေခံ ရပိုင်ခွင့်များ ဖြစ်ပြီး ဘာလိုချီစတန်ဒေသခံများသည် အဆိုပါ အခွင့်အရေးများကို မရရှိဘဲ ပိတ်ပင်ခံထားရသည်။

ဘာလိုချီစတန်ပြည်သူများကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများ ပေးအပ်မှု မရှိခြင်း၊ အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့များ မပေးခြင်းနှင့် ပြည်သူများကို စစ်ဆေးရေးဂိတ်များနှင့် ရဲစခန်းများတွင် စစ်ဆေးခံရစေခြင်းတို့ကြောင့် ပြဿနာများနှင့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေကြောင်း ဟက်ရှ်မီက ပြောသည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required