အိန္ဒိယနှင့် အမေရိကန် ဆက်ဆံရေးပိုမို နီးကပ်သွားမည်ကို တရုတ် မလိုလားကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ် အစီရင်ခံစာတွင် ဖော်ပြ

အိန္ဒိယနှင့် အမေရိကန် ဆက်ဆံရေးပိုမို နီးကပ်သွားမည်ကို တရုတ် မလိုလားကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ် အစီရင်ခံစာတွင် ဖော်ပြ

အိမ်နီးချင်းအိန္ဒိယနှင့် ဆက်ဆံရေးအားအမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တရုတ်က သတိပေး ထားသလို ဒီမိုကရေစီနှစ်နိုင်ငံ နီးနီးကပ်ကပ် လက်တွဲရန် တရုတ်က မလိုလားကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ အစီရင်ခံစာတွင် နိုဝင်ဘာ ၂၉ရက်က ဖော်ပြထားသည်။

တရုတ်တာဝန်ရှိသူများက ၂၀၂၀ပြည့်နှစ် ဂယ်လ်ဝမ်တိုက်ပွဲအခြေအနေတင်းမာမှုများကို လျှော့ချရန် ကြိုးပမ်း ခဲ့ကြောင်း၊ နယ်စပ်တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် အိန္ဒိယနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၏ အခြားကဏ္ဍများကို မထိခိုက်စေရေး တရုတ်၏ ရည်ရွယ်ချက်ကို ပင်တဂွန်နောက်ဆုံးအစီရင်ခံစာတွင် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန(DOD)က အလေးပေးဖော်ပြထားသည်။ .

"နယ်နိမိတ်တင်းမာမှုများကြောင့် အိန္ဒိယနှင့် အမေရိကန် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ကို တား ဆီးရန် တရုတ်က ကြိုးပမ်းနေသည်။ အိန္ဒိယနှင့် တရုတ်ဆက်ဆံရေးကို မနှောင့်ယှက်ရန် အမေရိကန်အရာရှိ များအား တရုတ်တာဝန်ရှိသူများက သတိပေးထားသည်" ဟု ပင်တဂွန်စစ်ဌာနချုပ်က အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၀ပြည့်နှစ် ဧပြီလမှ စတင်၍ အိန္ဒိယနှင့် တရုတ်တို့သည် နယ်စပ်ဒေသများရှိ အစစ်အမှန်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် အခြေအနေများနှင့် ပတ်သက်၍ သံတမန်နှင့် စစ်အရာရှိကြီးများအစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို တရုတ်က နှောင့်ယှက်မည်ဆိုပါက ဆက်ဆံရေး ပုံမှန်မဖြစ်ကြောင်း အိန္ဒိယက ထပ်ခါတလဲလဲ ပြောကြားထားသည်။

"၂၀၂၀ ပြည့်နှစ် တိုက်ပွဲဖြစ်ကတည်းက တရုတ်စစ်တပ်က စဉ်ဆက်မပြတ် တပ်ဖွဲ့ဝင်များချထားခဲ့ပြီး LAC တစ်လျှောက် အခြေခံအဆောက်အုံများ ဆက်လက်တည်ဆောက်နေသည်" ဟု ပင်တဂွန်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

"တရုတ်၏ အစွန်အဖျားဒေသ စစ်ဆင်ရေးဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုများ" နှင့် ပတ်သက်၍ တရုတ်က နယ်စပ် ဒေသများ ခြိမ်းခြောက်ခံနေရသည်ဟူသော အယူအဆပေါ်အခြေခံ၍ စစ်ဌာနချုပ်များတည်ထောင်ခြင်းနှင့် ဆက်စပ်သည့် စစ်ရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန်၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

တရုတ်မဟာဗျူဟာ၊ ရည်မှန်းချက်များနှင့် စွမ်းဆောင်ရည်များကို အသေးစိတ်ဖော်ပြသည့် တရုတ်စစ်ရေး ဆိုင်ရာအစီရင်ခံစာကို ကွန်ဂရက်လွှတ်တော်မှ ထောက်ခံမှုပေးထားပြီး DOD ရင်ဆိုင်နေရ သော စိန်ခေါ်မှု များနှင့် အမေရိကန်၏ လက်ရှိစစ်ရေးလမ်းကြောင်းကို တရားဝင်အကဲဖြတ်မှုပေးခဲ့သည်ဟု ပင်တဂွန် က ဆို သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly