ဝီဂါများက မီးလောင်မှုအတွင်း သေဆုံးသွားသော မိသားစုဝင်များအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ တင်းကျပ်သောကိုဗစ်စီမံချက်များကို ဝေဖန်ပြစ်တင်

ဝီဂါများက မီးလောင်မှုအတွင်း သေဆုံးသွားသော မိသားစုဝင်များအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ တင်းကျပ်သောကိုဗစ်စီမံချက်များကို ဝေဖန်ပြစ်တင်

ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အူရမ်ကီတွင်ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း မိသားစုဝင်များ ဆုံးရှုံးခဲ့သော ဝီဂါဆွေမျိုးများက တရုတ်ကွန်မြူနစ်ပါတီ၏ တင်းကျပ်သော အသွားအလာပိတ်ဆို့မှုနှင့် ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဝေဖန်ပြစ်တင်လျက် ရပ်ကွက်ကော်မတီမှတာဝန်ရှိသူများကသာ ၎င်းတို့၏ တံခါးများကို ဖွင့်ပေးခဲ့ပါက ဆွေမျိုးများ အသက်ရှင်နိုင်ကြောင်း ပြောသည်။

“မီးလောင်နေတော့ ရပ်ကွက်ကော်မတီအဖွဲ့ဝင်တွေက အဆောက်အအုံနားမှာရပ်ပြီး တချို့ကို ကယ်ပေးခဲ့တယ်လို့ ကြားသိရပါတယ်” ဟု ဝီဂါမိသားစုဝင်တစ်ဦးဖြစ်သူ မူဟာမက် မက်မက်တဲလီက RFA သို့ ပြောသည်။

“ရပ်ကွက်ကော်မတီဥက္ကဋ္ဌက ကျွန်တော်တို့ မိသားစုကို ကြည့်ဖို့ ရောက်လာပေမယ့် မီးသတ်ဌာနကို ဖုန်းဆက်ထားလို့ မီးသတ်သမားတွေကို စောင့်ပြီး မီးငြှိမ်းဖို့ အကြံပေးခဲ့ပါတယ်။ ရပ်ကွက်ကော်မတီ ကဝန်ထမ်းတွေကသာ အိမ်တံခါးတွေကို ဖွင့်ပေးမယ်ဆိုရင် ကျွန်တော့်မိသားစု ဒီနေ့မှာ သက်ရှိထင်ရှားရှိနေမှာပါ” ဟု ဆိုသည်။

အူရမ်ကီမီးလောင်မှုတွင် လူ ၁၀ ဦးသေဆုံးခဲ့သည်။

မီးလောင်မှုတွင် မိခင်၊ အစ်မ၊ ဆယ်သက်ကျော်အရွယ်ညီမ၊ ညီအစ်ကိုများနှင့် အငယ်ဆုံးညီမတို့ ဆုံးရှုံးခဲ့သည်ဟု မူဟာမက် က ပြောသည်။

အဆိုပါမီးလောင်မှုသည် ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်တွင် နိုဝင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစသ်ည်။

ဝမ်းနည်းဖွယ်ဖြစ်ရပ်ပြီးနောက် ဒေသခံများက ထွက်ပေါက်များကို ဖွင့်ပေးရန် ရဲများကို အော်ဟစ်တောင်းဆိုနေသာ ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ်၌ ပျံ့နှံ့လာသည်။

မီးလောင်မှုကြောင့် ရှင်ကျန်းတွင် ဆန္ဒပြမှုများဖြစ်ပွားစေခဲ့ပြီး တခြား တရုတ်နိုင်ငံမြို့ကြီးများသို့ ကူးစက်ခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required