အနောက်နိုင်ငံများက အရေးပါသောသတ္တုများရရှိရေး တရုတ်ကို အမီလိုက်နေ

အနောက်နိုင်ငံများက အရေးပါသောသတ္တုများရရှိရေး တရုတ်ကို အမီလိုက်နေ

တရုတ်က ပထမဆုံးအရွေ့၏ အားသာချက်များကို ရရှိပြီးနောက် အနောက်နိုင်ငံများသည် အရေးပါသော သတ္တုများ ပိုင်ဆိုင်နိုင်ရေး တရုတ်ကို အမီလိုက်ရန် ကြိုးပမ်းလျက်ရှိသည်။

ကြေးနီ၊ လီသီယမ်၊ နီကယ်၊ ကိုဘော့နှင့် မြေရှားသတ္တုကဲ့သို့ အရေးပါသော သတ္တုဓာတ်များသည် လေရဟတ်များ၊ လျှပ်စစ်ကွန်ရက်များနှင့် လျှပ်စစ်ကားများ အပါအဝင် ယနေ့ခေတ်တွင် လျင်မြန်စွာ တိုးတက်နေသော စွမ်းအင် နည်းပညာများတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ဆိုသည်။

ဂျက်စတင်ထရူးဒိုးအစိုးရက ကနေဒါကုမ္ပဏီများနှင့် အရေးကြီးသော ဓာတ်သတ္တုများဆိုင်ရာ သဘော တူညီချက်များမှ နုတ်ထွက်ရန် တရုတ်ကုမ္ပဏီ ၃ ခုကို ညွှန်ကြားပြီးနောက် တရုတ်သည် မကျေနပ်ချက်များ ကြီးထွားလာသည်။

တရုတ်နိုင်ငံက ကမ္ဘာတစ်ဝန်းတွင် ရှားပါးသော မြေရှားသတ္တများကို ဆက်ဝယ်နေပြီး အနောက်နိုင်ငံများကလည်း ရှားပါးသော သတ္တုများအား ဝယ်ယူမှုအတွက် ကိုယ့်ကိုယ်ကို မှီခိုရန် တိုက်တွန်းနေချိန်မှာ ကနေဒါအစိုးရက ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တရုတ်သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဘက်ထရီများ၏ ၇၄ ရာခိုင်နှုန်းကို ထုတ်လုပ်ရန် မျှော်မှန်းထားပြီး ဥရောပနှင့် အမေရိကန်တို့က ၁၆ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း အသီးသီးရှိသည်ဟု Hong Kong Post က ဖော်ပြသည်။

သို့သော် တရုတ်သည် သတ္တုအများအပြား မထုတ်လုပ်ဘဲ လိုအပ်သော ကုန်ကြမ်းများရရှိရန် ကနေဒါကဲ့သို့သော နိုင်ငံများရှိ ပြည်ပသတ္တုတွင်းများတွင် များစွာ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်အရင်းအမြစ်များအပေါ် မှီခိုခြင်းသည် ငွေကြေးအရ ဆွဲဆောင်မှုမရှိရုံသာမက တရုတ်နှင့် အနောက်နိုင်ငံတို့အကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုက အနောက်နိုင်ငံများ၏ ဗျူဟာမြောက်လွတ်လပ်မှုကို ထိခိုက်စေသည်ဟု Hong Kong Post က ဖော်ပြခဲ့သည်။

ထိုစိုးရိမ်မှုများကြောင့် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများသည် ၎င်းတို့ စက်မှုကဏ္ဍမူဝါဒများကို ပြန်လည်သုံးသပ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly