ကနေဒါတွင် ရဲစခန်းများဖွင့်လှစ်ခြင်းရပ်တန့်ရန် တရုတ် သတိပေးခံရ

ကနေဒါတွင် ရဲစခန်းများဖွင့်လှစ်ခြင်းရပ်တန့်ရန် တရုတ် သတိပေးခံရ

တရုတ်အနေဖြင့် ရဲစခန်းများဖွင့်လှစ်ခြင်းကိုမရပ်တန့်ပါက ကနေဒါက အရေးယူများ ပိုမိုလုပ်ဆောင်ရန် ပြင်ဆင်ထားသည် ဟု သတိပေးမှုအပြီး တရားမဝင် တရုတ်ရဲစခန်းများကွန်ရက်သတင်းများ ထွက်ပေါ်လာပြီးနောက် တရုတ်သံအမတ်ကို ဆင့်ခေါ်လိုက်သည်။

“တရုတ်သံအမတ် ကောင်ပေဝူကို အကြိမ်ကြိမ်ဆင့်ခေါ်တာအပါအဝင် အစိုးရဟာ တရုတ်နဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့တယ်လို့ သိရတယ်” ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ မြောက်အာရှညွှန်ကြားရေးမှူးချုပ် ဝယ်လ်ဒန်အက်ပ်က ကနေဒါ-တရုတ်ကော်မတီသို့ နိုဝင်ဘာ ၂၉ ရက်က ပြောသည်။

တရုတ်သည် နိုင်ငံနယ်နိမိတ်ကျော်လွန်၍ ၎င်းနိုင်ငံသားများကို နှိပ်စက်ရန် ဘောင်ကျော်လုပ်ဆောင် နေသည်ဟူသော သတင်းများ ကမ္ဘာတစ်ဝန်းတွင် ထွက်ပေါ်လာပြီးနောက် တရုတ်ရဲစခန်းများ ဖွင့်လှစ်ထားသည်ဟူသော စွပ်စွဲချက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

မက်ဒရစ်အခြေစိုက် NGO Safeguard Defenders စောင့်ကြည့်ရေးအဖွဲ့က ကမ္ဘာတစ်ဝန်းတွင် တရုတ်ရဲစခန်းပေါင်း ၅၄ ခုရှိကြောင်း အောက်တိုဘာလထုတ် အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြခဲ့ရာ ဂျာမနီ၊ နယ်သာလန်နှင့် ကနေဒါအပါအဝင် နိုင်ငံအများအပြားရှိ အာဏာပိုင်များအား တရုတ်ရဲစခန်းများကို စတင် စုံစမ်းရန် လှုံ့ဆော်ခဲ့သည်။

ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များကာ ဖက်ဒရယ်အစိုးရအား တရုတ်သံအမတ်အား ဆင့်ခေါ်ရန်နှင့် သံတမန်များ၏ အထောက်အထားများကို ပြန်လည်သုံးသပ်ရန် ကနေဒါအစိုးရအား တောင်းဆိုခဲ့သည်။

တရုတ်အစိုးရအနေနဲ့ ဂျနီဗာကွန်ဗင်းရှင်းကို ကျော်လွန်လုပ်ဆောင်တဲ့ ကနေဒါအတွင်း လှုပ်ရှားမှုအတွက် စဉ်းစားဖို့ ကနေဒါအစိုးရက ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့တုံ့ပြန်မှုအပေါ်မူတည်ပြီး တွေ့ဆုံမှုတွေ ထပ်လုပ်လာနိုင်ပါတယ်” ဟု ဝယ်လ်ဒန်အက်ပ်က ဆိုသည်။

တရုတ်သည် အနည်းဆုံး ကိုယ်စားလှယ်လောင်း ၁၁ ဦး၏ မဲဆွယ်စည်းရုံးမှုများကို ရန်ပုံငွေတစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးခြင်းဖြင့် ကနေဒါနိုင်ငံ၏ ၂၀၁၉ ခုနှစ် ဖက်ဒရယ်ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly