ဗြိတိန်က Sizewell C နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တရုတ်နျူကလီးယား ကုမ္ပဏီကို ဖယ်ရှား

ဗြိတိန်က Sizewell C နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တရုတ်နျူကလီးယား ကုမ္ပဏီကို ဖယ်ရှား

ဗြိတိန်က Sizewell C နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တရုတ်နျူကလီးယား ကုမ္ပဏီ CGN ကို ဖယ်ရှားလိုက်ကြောင်း Gulf Times သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဆူနပ်ခ်က ဗြိတိန်-တရုတ် ဆက်ဆံရေး ရွှေခေတ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ကြေညာပြီး နောက် တစ်ရက်အကြာတွင် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဗြိတိန်အကျိုးစီးပွားနှင့် တန်ဖိုးများကို တရုတ်က အကွက်ကျကျက စိန်ခေါ်နေကြောင်း ဆူနပ်ခ်က အလေးပေး ပြောကြားခဲ့သည်။

Sizewell C နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကို ပြင်သစ်မိတ်ဖက် EDF နှင့် တည်ဆောက် မည်ဖြစ်သည်။

တရုတ်နျူကလီးယား ကုမ္ပဏီ CGN ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဗြိတိန်အစိုးရက ရုပ်သိမ်းခဲ့ပြီး စီမံကိန်းတွင် ပေါင်သန်း ၇၀ဝ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

အင်္ဂလန်အရှေ့ပိုင်းရှိ ဆပ်ဖ်ဖို့ခ်ကမ်းရိုးတန်းတွင် ဆောက်လုပ်နေသည့် Sizewell C သည် အိမ်ခြေ ၆ သန်းခန့် ကို စွမ်းအင်ပေးနိုင်မည်ဖြစ်သည်။

Sizewell နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သည် အနှစ် ၂၀ ကျော်အတွင်း ဗြိတိန်၏ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်မှုတွင် CGN ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး သံသယများဖြစ်ပေါ် စေခဲ့သည်ဟု Gulf Times က ဖော်ပြခဲ့သည်။

“Sizewell C တွင် ဗြိတိန်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုသည် စီမံကိန်း၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးလိမ့် မည်” ဟု စီးပွားရေး၊ စွမ်းအင်နှင့် စက်မှုမဟာဗျူဟာဌာန (BEIS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Sizewell သည် ရုပ်ကြွင်းလောင်စာများထက် ပိုမိုသန့်ရှင်းသောစွမ်းအင်ကို ပေးမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံ့စီးပွားရေးအတွက် အလုပ်အကိုင်ထောင်ပေါင်းများစွာ ဖန်တီးပေးမည်ဟု ဗြိတိန်အစိုးရက ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required