ဆားလင်းကြီးမြို့နယ် ရေမိန်ကျေးရွာမှ နေအိမ် ၅၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် ရေမိန်ကျေးရွာမှ နေအိမ် ၅၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မဇ္ဈိမ။  ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်က ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရေမိန်ကျေးရွာ မီးရှို့ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့မှုဖြစ်စဉ်တွင် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရေမိန်ကျေးရွာမှ နေအိမ် ၅၂ လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“စစ်ကြောင်းအခြေအနေက ဘာမှန်းမသိသေးတော့ ရွာကလူတွေအကုန်ပြန်မလာရဲကြသေးဘူး။ စစ်သား တွေဝင်သွားတဲ့ရွာဆိုတော့ အရင်ဆုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  မိုင်းရှင်းတာတွေလုပ်ရတယ်ဗျ။ ရေမိန်တောင်ရွာက အိမ်အလုံး ၅၀ ပါသွားတယ်။ ရေမိန်မြောက်ရွာကတော့ နှစ်လုံးပါသွားတယ်ဗျ။ အိမ် တွေကို ဖျက်ဆီးမွှေနှောက်သွားတာလည်း ရစရာမရှိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ဖက် အခြေ အနေတင်းမာနေပြီး ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင်လည်း ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် က မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ရေမိန်ကျေးရွာ
#စစ်ကြောင်းထိုး
#မီးရှို့ဖျက်ဆီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required