ဘရာဟီနိုကိုစပါးသို့ရောင်းရန် ဝက်စ်ဘရွန်းသဘောတူခဲ့ပြီဟု သတင်းထွက်

ဘရာဟီနိုကိုစပါးသို့ရောင်းရန် ဝက်စ်ဘရွန်းသဘောတူခဲ့ပြီဟု သတင်းထွက်

မတ် ၆၊ လန်ဒန်။           ။ ဝက်စ်ဘရွန်းအသင်းသည် တိုက်စစ်မှူး ဘရာဟီနိုကို နွေရာသီတွင် စပါးအသင်းသို့ရောင်းချရန် မူအားဖြင့်သဘောတူခဲ့ပြီဟု အော့ဘ်ဆာဗာ သတင်းဋ္ဌာနက ဖော်ပြသည်။

ဝက်စ်ဘရွန်းတိုက်စစ်မှူးသည် ဟော့သွန်းစ်မှ ထွက်ခွာရန် လပေါင်းများစွာကတည်းကကြိုးစားနေခဲ့ပြီး ရလဒ်အဖြစ် ယခုနှစ်ဘောလုံးရာသီ၌ ပွဲထွက်ကစားခွင့်အကန့်အသတ်သာ ရရှိခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ကစားသမားများကို ကလပ်အသင်းများက အသည်းအသန်အလိုရှိခဲ့ကြပြီး ယမန်နှစ်နွေရာသီက စပါးအသင်း၏ ပေါင် ၂၅ သန်းတန်ကမ်းလှမ်းမှုမှာ ပယ်ချခံခဲ့ရသည်။

သို့သေ်ာလည်း လက်မလျှော့ဘဲ ဆက်လက်ကြိုးပမ်းခဲ့ရာတွင် ဝက်စ်ဘရွန်းအသင်းဥက္ကဋ္ဌ ဂျာရမီပိစ်သည် ရာသီကုန်တွင် စပါးအသင်းသို့ ဘရာဟီနိုကို ရောင်းချရန် အသင့်အနေအထားသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

စပါးအသင်းသည် နည်းပြပိုချက်တီနိုလက်ထက်တွင် တစ်ဖြည်းဖြည်းတိုးတက်လာပြီး ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် ၂ နေရာသို့ ရောက်ရှိနေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly