အမေရိကန်ခရီးစဉ်မတိုင်ခင် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာခေါင်းဆောင် ချီးကျူး

အမေရိကန်ခရီးစဉ်မတိုင်ခင် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာခေါင်းဆောင် ချီးကျူး
File photo: EPA

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ပင်လယ်ကွေ့နိုင်ငံမှာ ရှိနေချိန် ကာတာဘုရင်က သမ္မတ ဗလာဒီမာပူတင်နဲ့ ခေါ်ဆိုမှုပြုတုန်းက ကမ္ဘာ့ဖလားပြင်ဆင်ရေးမှာ ရုရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်တဲ့အတွက် ဒီနှစ်မှာ နိုင်ငံတကာဘောလုံးလောကကနေ ပိတ်ပင်ခံထားရပြီး ကာတာဟာ ရုရှားရဲ့ ယူကရိန်းနယ်မြေတွေ သိမ်းပိုက်မှုကို ပြစ်တင်ဝေဖန်ခဲ့ပေမေယ့် ရှိတ်ဟာမတ် ဘင် ကာလီဖာအယ်လ်-သန်နီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ စီစဉ်ကျင်းပခဲ့တဲ့ ရုရှားနိုင်ငံက ပူတင်နဲ့  ပြိုင်ပွဲမစတင်မီ နှစ်ရက်အလိုမှာ စကားပြောခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ဖေဖော်ဝါရီလ ကျူးကျော်မှုနောက်ပိုင်း ကြိုတင်ပြင်ဆင်မှု အများအပြားကို ရပ်တန့်နေခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နိုင်ငံတကာ လုံခြုံရေးလေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပါတယ်။

ပူတင်က ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အပေါ် ကာတာကို ချီးကျုးခဲ့တယ်လို့ ဘုရင့်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ဒီကမ္ဘာလုံးဆိုင်ရာပွဲဖြစ်မြောက်ရေးမှာ ရုရှားရဲ့ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ " သူ့ရဲ့သဝဏ်လွှာအတွက် ဘုရင်က ပူတင်ကို ကျေးဇူးတင်တယ်လို့ ထပ်လောင်းဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုဟာမှာ ရုရှားအကြီးတန်းအရာရှိတွေကို ရှိနေဖို့ မမျှော်လင့်ရပေမယ့်လည်း အမေရိကန်ထိပ်တန်းသံတမန် ဘလင်ကန်ဟာ တနင်္လာနေ့မှာ နှစ်ရက်ကြာ လာရောက်လည်ပတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘလင်ကန်ဟာ "ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အမျှ နိုင်ငံတကာ အားကစားသံခင်းတမန်ခင်းမှာ ကာတာရဲ့ အရေးပါတဲ့ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြုမှာ ဖြစ်တယ်"လို့ အမေရိကန် ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဘလင်ကန်ဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ US-Qatar Strategic Dialogue မှာ ရှိနေမှာ ဖြစ်ပြီး သူဟာဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ရှိတ်ခ် မိုဟာမက် ဘင် အဗ္ဗဒူလ်ရာဟမ် အယ်လ်-သာနီနဲ့ တခြားသော ထိပ်တန်းအရာရှိတွေ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သူဟာ တနင်္လာနေ့မှာ ဝေလအသင်းနဲ့ အမေရိကန်အသင်းတို့ရဲ့ အဖွင့်ပွဲစဉ်ကိုလည်း ကြည့်ရှုမှာ ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required