“ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

“ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ နိုဝင်ဘာ ၁၇ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ကျောင်းသူကျောင်းသားများပါဝင်လျက် “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့ရသော အာဇာနည် ရဲဘော် အပေါင်းအား အလေးပြုခဲ့ကြသည်။

ယနေ့ချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ ၆၁၆ရက်နေ့မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required