ဟောလီးဝုဒ်အကျော်အမော် နီကိုးလ်ရှာဇင်ဝင်းဂါးသည် ပြန်လည်ရိုက်ကူးမည့် ၁၉၈၇ ခုနှစ် ရုပ်ရှင်ကား “Dirty Dancing” တွင် ပါဝင် သရုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး X Factor ဒိုင်လူကြီးဟောင်းဖြစ်သူ နီကိုးလ်သည် ယင်းရုပ်ရှင်တွင် ပန်နီအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး ဂျွန်နီကက်စတဲလ်အဖြစ် မင်းသား ကော့ပ ရက်စ်က သရုပ်ဆောင်သွားမည် ဖြစ်သည်။
“ကျွန်မ ဒီရုပ်ရှင်မှာ သရုပ်ဆောင်ရမှာ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်” ဟု ရှာဇင်ဝင်းဂါးက ပြောကြားခဲ့သည်။ သုံးနာရီကြာမြင့်မည့် အဆိုပါ ရုပ်ရှင်ကားကို ဒါရိုက်တာ ရိန်းဘလာက ပြန်လည် ရိုက်ကူး သွားမည်ဖြစ်ပြီး ထုတ်လွှင့်မည့်ရက်ကို ယခုအချိန်ထိ မသိရှိရသေးပေ။
၁၉၆၃ ခုနှစ် နွေရာသီက ရိုက်ကူးခဲ့သော “Dirty Dancing” ရုပ်ရှင်ကားသည် အသက် ၁၇ နှစ် အရွယ် ကောင်မလေးတစ်ယောက်၏ သီချင်အကနှင့် အချစ်ပုံပြင်အကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်။ အသက် ၁၇ နှစ်အရွယ် ကောင်မလေးအဖြစ် ဂျန်နီဖာဂရေးက သရုပ်ဆောင် ခဲ့ပြီး ဂျွန်နီကကက်စတဲလ်အဖြစ် ပက်ထရစ်ခ် ဆွမ်ဇီက သရုပ်ဆောင်ခဲ့သည်။
၁၉၈၇ ခုနှစ် “Dirty Dancing” ရုပ်ရှင်ကားတွင် ပန်နီအဖြစ် စင်သီယာဝရုတ်ဒ်က သရုပ်ဆောင် ထားသည်။ “Dirty Dancing” မူရင်းရုပ်ရှင်ကား ဇာတ်ညွန်းကို အဲလန်နာဘက်စတိန်းက ရေးသားခဲ့ပြီး “Dirty Dancing” တေးဂီတနှင့် စပ်လျဉ်း၍ အောင်မြင်မှုရရှိခဲ့သူ တစ်ဦးဖြစ်သည်။ အဲလန်နာသည် Lionsgate ရုပ်မြင်သံကြားက ပြင်ဆင် ထုတ်လုပ်သော ဇာတ်ကားများဆိုင်ရာ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ် သည်။