တိဗက်ဒေသတွင် တင်းကျပ်သည့်မူဝါဒများကြောင့် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွား

တိဗက်ဒေသတွင် တင်းကျပ်သည့်မူဝါဒများကြောင့် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွား

တိဗက်ကို တရုတ်အုပ်ချုပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖိနှိပ်မှုများဆက်လက်တည်ရှိနေချိန်တွင် ရှီကျင့်ဖျင်က တရုတ်သမ္မတအဖြစ် မကြုံစဖူး တတိယအကြိမ် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် တိဗက်လူမျိုး များအပေါ် ခွဲခြားဆက်ဆံမှုများ ပိုမိုဆိုးရွားလာကြောင်း တွေးခေါ်ပညာရှင်အဖွဲ့(POREG) က ဖော်ပြလိုက်သည်။

တိဗက်လူမျိုးများက ၁၉၄၉ခုနှစ်ကတည်းက တရုတ်ကို အပြင်းအထန်ဆန့်ကျင်ခဲ့သည်။ တိဗက်တွင် နောက်ဆုံး ဖိနှိပ်မှုသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဖြစ်ပြီး ယင်းမူဝါဒကြောင့် တိဗက်လူမျိုးများက အလွန်အမင်း ဒေါသ ထွက်ခဲ့ကြသည်။

အာဏာရှင်ဆန်သော ကန့်သတ်ပိတ်ဆို့မှုက ကိုဗစ်ကို တားဆီးထိန်းချုပ်ရန် အကြောင်းပြချက်ဖြစ်သော်လည်း ပြည်သူများကို အခက်ကြုံစေခဲ့သည်။ လူမဆန်စွာ သီးသန့်ခွဲထားမှုများကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှု များ ပိုမိုများလာခဲ့သည်။

လာဆာတွင် နေထိုင်သည့် ဟန်တရုတ်နှင့် တိဗက်လူမျိုးများက အစားအသောက်နှင့် ဆေးဝါးများ မလုံလောက် မှုကြောင့် အောက်တိုဘာလတွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြမှုများကို ဖြိုးခွင်းခဲ့သည်။ ယင်းနောက် လူ ၂၀ဝ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သည့် ၂၀ဝ၈ ခုနှစ်လူထုအုံကြွမှုနောက်ပိုင်း အကြီးမားဆုံးသော ဆန္ဒပြပွဲကို လာဆာမြို့တွင် မြင်တွေ့ခဲ့ရ ကြောင်း POREG က ဖော်ပြခဲ့သည်။

တိဗက်အပေါ် ရက်စက်ကြမ်းကြုတ်မှုများက ယင်းမှာပင် အဆုံးသတ်မသွားဘဲ တိဗက်များ ခံစားနေရသည့် နောက်ထပ်ဒုက္ခများထွက်ပေါ်လာခဲ့ပြီး ရှီကျင့်ဖျင်လက်ထက်တွင် ပြည်သူများကို ထိန်းချုပ်ရန် လူဦးရေသန်း ၁၀ဝ ကျော်၏ ကိုယ်ရေးအချက်အလက်များကို သိမ်းထားသည့် ကမ္ဘာအကြီးဆုံး မှုခင်းဆိုင်ရာ ဒီအန်အေ အချက်အလက်စင်တာကို တည်ဆောက်ခဲ့သည်။

တိဗက်တွင် လူသားများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်ခြင်းနှင့် မကြာသေးမီက တိဗက်လူမျိုးများ အား အလုပ်အကိုင်နှင့် အိမ်ရာကိစ္စများတွင် ခွဲခြားဆက်ဆံခြင်းခံနေရခြင်းက ၎င်းတို့၏ နိုင်ငံအတွင်းတွင်ပင် တရုတ်အစိုးရက ၎င်းတို့အား အမြတ်ထုတ်မှုများသည် နှစ်ပေါင်းများစွာ ဆက်လက်မြင့်တက်လာနေကြောင်း သိမြင်စေနိုင်သည်။

ထို့ပြင် နေ့စဉ်နှင့်အမျှ တိဗက်၏ အခြေအနေသည် စိုးရိမ်စရာကောင်းလာသည်။

အရေးယူဆောင်ရွက်မှုများသည် ပြင်းထန်လွန်းပြီး ပြည်သူများ၏ အကျိုးစီးပွားအတွက် မဟုတ်ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly