မြစ်ကြီးနားတွင် စစ်ကောင်စီက ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးသိမ်းယူနေမှုအပေါ် တုံ့ပြန်ရှင်းလင်းသွားမည်ဟုဆို

မြစ်ကြီးနားတွင် စစ်ကောင်စီက ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးသိမ်းယူနေမှုအပေါ် တုံ့ပြန်ရှင်းလင်းသွားမည်ဟုဆို

နိုဝင်ဘာ ၁၄

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံရဲ နှင့် ယာဉ်ထိန်းရဲများက ပြည်သူများ၏ ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးသိမ်းယူမှုအပေါ် တုံ့ပြန်ရှင်းလင်းသွားမည်ဖြစ်ကြောင်း Myitkyina Anti SAC Force အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မြစ်ကြီးနားမြို့တွင် ကားနှင့် ဆိုင်ကယ်များကို လိုင်စင်မဲ့ အကြောင်းပြချက်ဖြင့် စစ်ဆေး ဖမ်းဆီးသိမ်းယူမှုများ ပြုလုပ်နေခြင်းကြောင့် Myitkyina Anti SAC Force အဖွဲ့က တုံ့ပြန်ရှင်းလင်းသွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ကား၊ ဆိုင်ကယ် နှင့် စက်ဘီးများကို ဖမ်းဆီးစစ်ဆေးသိမ်းယူနေခြင်းဖြစ်သည်။ စစ်ကောင်စီသည် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များတွင် ယခုရက်သတ္တပတ်အတွင်း ကားနှင့်ဆိုင်ကယ် အစီးရေ ၁,၀၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

#ကချင်ပြည်နယ်

#မြစ်ကြီးနားမြို့

#ကားနှင့်ဆိုင်ကယ်

#ဖမ်းဆီး

#MyitkyinaAntiSACForce

#တုံ့ပြန်မည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly