ကနေဒါရွေးကောက်ပွဲတွင် တရုတ်က ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူး စွပ်စွဲ

ကနေဒါရွေးကောက်ပွဲတွင် တရုတ်က ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူး စွပ်စွဲ

ကနေဒါရွေးကောက်ပွဲတွင် တရုတ်က ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူးက စွပ်စွဲလိုက်သည်။

တရုတ်အစိုးရက ဒီမိုကရေစီနိုင်ငံများနှင့် "ရန်လိုသောဂိမ်းများ" ကစားနေပြီး ကနေဒါအဖွဲ့အစည်းများကို ပစ်မှတ်ထားနေသည်ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူးက ပြောကြားလိုက်သည်။

မကြာသေးမီက ရွေးကောက်ပွဲများတွင် တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားသော ကိုယ်စားလှယ် လောင်းများ၏ လျှို့ဝှက်ကွန်ရက်တစ်ခုကို ကနေဒါထောက်လှမ်းရေးက ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြပြီးနောက်တွင် ယင်းပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၉ခုနှစ် ဖက်ဒရယ်ရွေးကောက်ပွဲတွင် တရုတ်က ကိုယ်စားလှယ်လောင်း ၁၁ ဦးထက်မနည်းကို ထောက်ခံခဲ့ ကြောင်း တာဝန်ရှိသူများက ထရူဒူးကို ပြောကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ကနေဒါပြည်တွင်းရေးကို စိတ်ဝင်စားမှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အမည်မဖော်လိုသည့် ထောက်လှမ်းရေးအရာရှိများကို ကိုးကား၍ ပြည်တွင်းရုပ်သံလိုင်း Global News က တရုတ်အစိုးရသည် ကိုယ်စားလှယ်လောင်းများထံ ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့ပြီး တရုတ်ထောက်လှမ်းရေး များက ကိုယ်စားလှယ်လောင်းများစွာအတွက် မဲဆွယ်စည်းရုံးရေး အကြံပေးများအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ဥပမာအားဖြင့် ရန်ပုံငွေ စတာလင်ပေါင် ၁၆၀ဝ၀ဝ ကို အွန်တာရီရိုပြည်နယ်အခြေစိုက် ပြည်နယ်လွှတ်တော် အမတ်ရုံးသို့ ပေးခဲ့သည်။

တိုရွန်တိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ ညွှန်ကြားထားသည့် အဆိုပါ လှုပ်ရှားမှုသည် မူဝါဒများကို လွှမ်းမိုးရေး အတွက် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပါလီမန်အမတ်ရုံးခန်းများတွင် တရုတ်ထောက်လှမ်းရေးများ ထားရှိရန် ကြိုးပမ်းခဲ့ကြောင်း မီဒီယာက စွပ်စွဲထားသည်။

နိုင်ငံရေးအသိုင်းအဝန်းအတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုတွင် ကနေဒါအရာရှိဟောင်းများကို လွှမ်းမိုး၍ အကျင့်ပျက်ခြစားအောင်လည်း ပြုလုပ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required