“အလုပ်မဖြစ်တဲ့ အာဆီယံ မူငါးချက် ဆွဲကိုင်နေတာ ချက်ချင်းရပ်” ရွာပေါင်းစုံ သပိတ် စစ်ကြောင်းဆက်လက်ချီတက်

“အလုပ်မဖြစ်တဲ့ အာဆီယံ မူငါးချက် ဆွဲကိုင်နေတာ ချက်ချင်းရပ်” ရွာပေါင်းစုံ သပိတ် စစ်ကြောင်းဆက်လက်ချီတက်

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၁၀ ရက်မြောက်နေ့ အဖြစ် ယနေ့ နိုဝင်ဘာ ၁၁ရက် နေ့တွင် ဆက်လက်ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် အမျိုးသားနေ့အထိမ်းအမှတ် ၁၃ ရက်တာ လှုပ်ရှားမှု၏ ပထမဆုံးအချက်အနေဖြင့် “အလုပ်မဖြစ်တဲ့ အာဆီယံ မူငါးချက် ဆွဲကိုင်နေတာ ချက်ချင်းရပ်” စာတမ်းကို ကိုင်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံး အာဇာနည် ရဲဘော် အပေါင်းအား အလေးပြုခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required