“တော်လှန်ရေး ရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဆက်လက်ချီတက်

“တော်လှန်ရေး ရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဆက်လက်ချီတက်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအား နိုဝင်ဘာ ၁၀ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “တော်လှန်ရေး ရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ”စာတမ်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့ရသော အာဇာနည် ရဲဘော် အပေါင်းအား အလေးပြုခဲ့ကြသည်။

ယနေ့ချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၏ ၆၀၉ရက်နေ့မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required