“ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်” လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

“ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်” လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းသည် နိုဝင်ဘာလ ၉ ရက်နေ့က လူထုချီတက်လှုပ်ရှားမှု ရက်ပေါင်း ၅၀၀ ပြည့်အဖြစ် ချီတက်ဆန္ဒပြကြကြောင်း သိရသည်။

“စစ်အကြမ်းဖက်အုပ်စုက နေအိမ်တွေမီးရှို့ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ သတ်ဖြတ်ဖမ်းဆီးခြင်း တွေလည်း လုပ်တာတွေရှိပါတယ်။ နယ်မြေမငြိမ်သက်မှုတွေကြောင့် ပြည်သူလူထုရဲ့ လှုပ်ရှားပါဝင်မှု ဝန်းရံမှုတွေဟာ ပျောက်ကွယ်မသွားဘဲ ယနေ့ထိ ဆက်ရှိနေဆဲပါ”ဟု လူထုသပိတ်စစ်ကြောင်း၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင် လူထုလှုပ်ရှားမှု၊ တော်လှန်မှုများသည် နယ်မြေမတည်ငြိမ်မှုများကြားက ဆက် လက်ပြုလုပ်နေကြခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက် သတ်ဖြတ်မီးရှို့ မှုများကြောင့် ယာယီ တိမ်းရှောင်ကြရပြီး အာဏာရှင်ကိုဖီဆန်ရေး လူထုသပိတ်ကို ဆက်လက်ပြုလုပ်နေကြခြင်းဖြစ်သည်။

အာဏာသိမ်းမှုကို လနှစ်ဆယ်ကြာသည့်တိုင်အောင် မလျော့သောဇွဲ သတ္တိများဖြင့် တော်လှန်နေဆဲ ဖြစ်သည်။

“အာဏာရှင်ကို ရွံ့မုန်းမှု အာဏာရှင်အုပ်ချူပ်ခြင်းကို လုံးဝလက်မခံတဲ့ အညာမြေက သူရဲကောင်းများဟာ ယနေ့ချိန်ခါထိ ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ပွဲဝင်နေတာကို လေးစားဂုဏ်ယူမိပါတယ်။ အာဏာရှင်ကို အလိုမ ရှိကြောင်းကို အညာမြေပေါ်ကအညာသူအညာသားတွေရဲ့ တော်လှန်သွေး တော်လှန်မာန်ကို ချီးကျူး မိပါတယ်။ ကျွန်ုပ်တို့ လက်ပံတောင်းဒေသသပိတ်စစ်ကြောင်းအနေဖြင့် အနာဂတ်ဖက်ဒရယ်တိုင်းပြည်ထိ မရောက်မချင်း ချီတက်နေဦးမှာပဲ ဖြစ်ပါတယ်”ဟု လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“လူထုရဲ့တော်လှန်ခရီး ရက် ၅၀၀ မှသည် အနာဂတ်ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ တိုက်ပွဲဝင်ကြမည်ဟု ကတိသစ္စာပြုပါကြောင်း လက်ပံတောင်းတောင်ဒေသလူထုကိုယ်စား ပြောကြားပါသည်”ဟုလည်း ဖော်ပြ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required