ဟားခါးမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည်မှာ (၁၁)ရက်ရှိပြီဖြစ်ပြီး နှစ်ပတ်အတွင်း မီးပြန်လာရန် မသေချာသေး

By ဆလိုင်းဗန်
01 November 2022
ဟားခါးမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည်မှာ (၁၁)ရက်ရှိပြီဖြစ်ပြီး နှစ်ပတ်အတွင်း မီးပြန်လာရန် မသေချာသေး

နိုဝင်ဘာ ၁

ဟားခါး၊(မဇ္ဈိမ)။ ။ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ဟားခါးမြို့နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာ ၂၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည်မှာ ၁၁ ရက်ကျော်ကြာနေပြီဖြစ်ပြီး နောက် နှစ်ပတ်အတွင်း မီးပြန်ရရန် မသေချာသေးကြောင်း သိရသည်။

ထို့ပြင် ဟားခါးမြို့နယ်တွင် ချက်ပြုတ်ရန်အတွက် ဂက်စ်နှင့်မီးသွေးကိုသာ အားထားနေရပြီး ယခုအခါ မီးသွေးတစ်အိတ်လျှင် ၂၀,၀၀၀ ကျပ်ဖြင့် ဝယ်မရဖြစ်နေသည်ဟုလည်း ဟားခါးမြို့ပေါ်တွင်နေထိုင်သူများ ထံမှ သိရသည်။

“မီးပျက်တဲ့နေရာက ဟားခါးကနေခုနစ်မိုင်ဝေးတယ်။ လေပြင်းတိုက်ပြီး တာဝါတိုင်ကျိုးသွားတာ။ အဲဒီ နေရာတွေက ဒေသခံကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်နေတယ်။ ဆိုတော့ ဝန်ထမ်း တွေလည်း ဘယ်သူမှမသွားရဲကြဘူးဖြစ်နေတယ်။ အခုတော့ တာဝန်ရှိသူတွေက လူငယ်တွေ(CDF)တွေနဲ့ ညှိနှိုင်းကြမယ်လို့သိရတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

လျှပ်စစ်တာဝါတိုင်ကျိုးကျသည့်နေရာသည် ဟားခါးမြို့အထွက် ခုနစ်မိုင်အကွာတွင်ရှိသည့် နီပီးရွာတွင် ဖြစ်ပြီး ပြန်လည်ပြင်ဆင်ရန်အတွက် အခက်ခဲများရှိနေခြင်းကြောင့် နှစ်ပတ်မှတစ်လအတွင်း ကြာမြင့်နိုင် သည်ဟုလည်း ဟားခါးလျှပ်စစ်ရုံးမှဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟားခါးမြို့၌ စစ်ကောင်စီခန့်ဝန်ကြီးများအိမ်ရာနှင့် အစိုးရရုံးနေရာများကို မီးစက်ကြီးများ မောင်းနှင်ကာအလှည့်ကျမီးပေးနေပြီး မြို့နေပြည်သူများမှာ ဆိုလာလျှပ်စစ်မီးကိုသာ အားထားသုံးစွဲနေရ သည်။

ပုံ - ဟားခါးမြို့ မီးမပျက်ခင်က လွှတ်တော်အဆောက်အအုံ၊ အစိုးရအဖွဲ့ရုံးနှင့် စုပေါင်းရုံတို့အနီး မြင်ကွင်း

စာတည်း။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#ဟားခါးမြို့

#လျှပ်စစ်ဓာတ်အားပြတ်တောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required