NUG နှင့် BPLA တို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိ

NUG နှင့် BPLA တို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိ

October 27

မဇ္ဈိမ။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဗမာပြည်သူ့လွတ်မြောက် ရေးတပ်တော်(BPLA)တို့ စစ်ရေးအရပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီမှုရရှိထားပြီဖြစ် ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)မှ တာဝန်ရှိသူများဖြစ်သည့် ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရပူးပေါင်းဆောင်ရွက်သွား ကြရန်၊ နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက် သွားကြရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် နှစ်ဘက်တွေ့ဆုံမှုတွင် လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ NUG ၏ အခန်းကဏ္ဍနှင့်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်များကို ပွင့်လင်းစွာ အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ကို စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် လူ ၁၇ ဦးဖြင့်စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

#NUG

#MOD

#BPLA

#စစ်ရေး

#ပူးပေါင်းဆာင်ရွက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required