ထိုင်းကျွန်းတွင် ပြင်သစ်ကမ္ဘာလှည့် ခရီးသည်များကို မုဒိမ်းကျင့်သော ကမ္ဘောဒီးယားများကို ဖမ်းဆီးမိ

ထိုင်းကျွန်းတွင် ပြင်သစ်ကမ္ဘာလှည့် ခရီးသည်များကို မုဒိမ်းကျင့်သော ကမ္ဘောဒီးယားများကို ဖမ်းဆီးမိ

ကမ္ဘောဒီးယားလူမျိုး ငါးဦးကို ပြင်သစ်ကမ္ဘာလှည့်ခရီးသည်အဖွဲ့တစ်ခုအား တိုက်ခိုက်မှုဖြင့် ဖမ်းဆီးလိုက်ပြီး ထိုင်းနိုင်ငံ၏ ဝေးလံခေါင်သီသော ကျွန်းတစ်ခုပေါ်တွင် တိုက်ခိုက်ခံရသော ပြင်သစ်များအနက် အမျိုးသမီးနှစ်ဦးမှာ ဓားထောက်မုဒိမ်းကျင့်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြောသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ရသည့်ဝင်ငွေပေါ်တွင် များစွာမှီခိုနေသည့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ခရီးသည်များ တိုက်ခိုက်ခံရမှုတွင် နောက်ဆုံးဖြစ်စဉ် ဖြစ်သည်။ ခိုကူးဒ်ဟုလည်း ခေါ်ဆိုသော ခိုကပ်ကျွန်းတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ နှောက်ပိုင်းက အားလပ်ရက် အပမ်းဖြေခရီးထွက်သူ ပြင်သစ်လေးဦး တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။

၎င်းကျွန်းမှာ ကမ္ဘောဒီးယားနိုင်ငံ၏ အနောက်ဘက်နယ်စပ်နှင့် နီးကပ်သည့် မဖွံ့ဖြိုးသေးသော ကျွန်းတစ်ခု ဖြစ်သည်။

တိုက်ခိုက်သူများသည် ၎င်းတို့၏ တံငါလှေမှ ရေကူးလာခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ တိုက်ခိုက်ခံရသည့် ဒဏ်ရာရ အမျိုးသားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ကာ အသိပေး တိုင်တန်းနိုင်ခဲ့ သည်။ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရာသို့ ရောက်ရှိကာ ပြေးထွက်ရန် ကြိုးစားသည့် တိုက်ခိုက်သူများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲဗိုလ်ချုပ် နော့ပါရတ်ရင် သာဖိုလ်က အေအက်ဖ်ပီသို့ ပြောသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များ နှစ်သက်သည့် နေရာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ခရီးသည် ၂၈ သန်းကျော် စံချိန်တင်ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly