“ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း

“ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ကချင်ပြည်နယ်တွင် စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အတွက် ကျဆုံးခဲ့သူများအတွက် “ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန် မြှင့်ကြ” စာတမ်းကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ထို့ပြင် ပုသိမ်-မုံရွာလမ်းနှင့် ယာကြီး-ကလေးလမ်းဆုံ ရွှေတောင်ဦးအနီးတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှု ကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်က ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း ကိုချမ်းမြေ့ကျော်ကျဆုံး ခြင်း တစ်နှစ်နှင့်ခုနှစ်လပြည့် အထိမ်းအမှတ်နှင့် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော အာဇာနည် သူရဲကောင်း နှစ်ဦး၏ အုတ်ဂူတွင် လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့ကြသည်။

အောက်တိုဘာလ ၂၇ ရက် ယနေ့တွင်ပြုလုပ်ခဲ့သော ဆန္ဒပြပွဲသည် ကျေးရွာပေါင်းစုံသပိတ် စစ်ကြောင်း၏ ၅၉၅ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။

ဆာလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required