၅၈၉ ရက်မြောက် ဆက်လက်ချီတက်နေ့သည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

၅၈၉ ရက်မြောက် ဆက်လက်ချီတက်နေ့သည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် သံအမတ် ဦးကျော်မိုးထွန်းအားထောက်ခံသည့် “Accept NUG & Our ambassador, Reject Dictator” စာတန်းများအားကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြကာ ကျဆုံးသွားခဲ့သည့် အာဇာနည် အပေါင်းအား ဦးညွတ်အလေးပြုခဲ့ကြသည်။

အောက်တိုဘာ ၂၀ရက် ယနေ့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ် စစ်ကြောင်း၏ ၅၈၉ ရက်မြောက်နေ့ဖြစ်ကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required