ရက်ပေါင်း ၅၈၈ ရက်မြောက် ဆက်လက်ချီတက်နေသည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

ရက်ပေါင်း ၅၈၈ ရက်မြောက် ဆက်လက်ချီတက်နေသည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် သံအမတ်ဦးကျော်မိုးထွန်းအား ထောက် ခံသည့် “Accept NUG & Our ambassador, Reject Dictator” စာတမ်းများအားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးသွားခဲ့သည့် အာဇာနည်အပေါင်းအား ဉီးညွှတ်အလေးပြုခဲ့ကြသည်။

အောက်တိုဘာ ၂၀ ရက် ယနေ့ပြုလုပ်ခဲ့သော ဆန္ဒပြပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ ၅၈၈ ရက်မြောက်နေ့ ဖြစ်ကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ် ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required