ယင်းမာပင်မြို့နယ်က ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၂၃ ရက်မြောက် ချီတက်ဆန္ဒပြ 

ယင်းမာပင်မြို့နယ်က ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၂၃ ရက်မြောက် ချီတက်ဆန္ဒပြ 

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် အခက်အခဲအကျပ်အတည်းများကြားမှ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြသည်။ 

သပိတ်စစ်ကြောင်းသည် "Accept NUG and Our Ambassador, Reject Dictator"စာသားပါဘန်နာနှင့် "သွေးမအေးတဲ့ရွှေနွယ်သွေး" စာသားပါဘန်နာတို့ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြသည်။ 

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်ကြီးအဖြစ် ပြန်လည်ခန့်အပ်ရန်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၂၃ ရက်မြောက် နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။   ။မောင်ကောင်း
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း
#ချီတက်ဆန္ဒပြ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required