“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာအလေးအမြတ်ပြုကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာအလေးအမြတ်ပြုကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” စာတမ်းနှင့် “Accept NUG & Our ambassador, Reject Dictator” ဟူသော စာတမ်းများအားကိုင်စွဲပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် သံအမတ်ဦးကျော်မိုးထွန်းအား ထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင် ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ယနေ့အောက်တိုဘာလ ၁၃ ရက်နေ့တွင်ပြုလုပ်သော ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ ၅၈၁ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required