ဟောင်ကောင်ဆယ်ကျော်သက် ၃ ဦးကို လုံခြုံရေးဥပဒေအရ ပြစ်ဒဏ်များချမှတ်

ဟောင်ကောင်ဆယ်ကျော်သက် ၃ ဦးကို လုံခြုံရေးဥပဒေအရ ပြစ်ဒဏ်များချမှတ်

တရုတ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် အားပေးထောက်ခံသော ဟောင်ကောင်အဖွဲ့မှ လူငယ် ၅ ဦးသည် လက်နက်ကိုင်တော်လှန်ရေးအားပေးမှုအတွက် အမျိုးသားလုံခြုံရေးဥပဒေအရ လူငယ်ပြုပြင်  ထိန်းသိမ်းရေစခန်းတွင် ၃ နှစ်နေထိုင်ရန် တရားသူကြီးက အောက်တိုဘာ ၈ ရက်တွင် အမိန့်ချမှတ်လိုက်သည်။ 

အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အကြားအရွယ်များပါဝင်သော လူငယ် ၅ ဦးသည်  ‘Returning Valiant’ ဟု အမည်ပေးထားသောအဖွဲ့အနေဖြင့် နိုင်ငံတော်အာဏာကို ထိပါးနှောက်ယှက်ရန် တခြားသူများကို လှုံ့ဆော်ရာတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြသည်။

တရုတ်၏အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးနောက် ပြစ်မှုကျူးလွန်သူများသည် တရုတ်အစိုးရကို ဖြုတ်ချရန် လမ်းမများနှင့် လူမှုမီဒီယာ Instagram နှင့် Facebookများပေါ်၌ သွေးစွန်းသောတော်လှန်ရေးကို မည်သို့ ထောက်ခံခဲ့ကြကြောင်း တရားသူကြီးကော့ဝေကင်က အသေးစိတ်ရှင်းပြခဲ့သည်။

တရားသူကြီးသည် အဆိုပါလှုံ့ဆော်မှုအား ကြီးလေးသော ရာဇဝတ်မှုအဖြစ် စွပ်စွဲပြောဆိုခဲ့သော်လည်း အသက်အရွယ်နှင့် မရင့်ကျက်မှုကို ထောက်ထားလျက် လူငယ်များအား ထောင်ဒဏ်ထက် လေ့ကျင့်ပျိုးထောင်ရေးစခန်း သို့မဟုတ် ထိန်းသိမ်းရေးစခန်းများ၌သာ ထိန်းသိမ်းရန် အမိန့်ချမှတ်ခဲ့သည်။

“သူတို့ဟာ နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်ခြင်းအားဖြင့် တစ်စုံတစ်ဦးကို လှုံ့ဆော်တယ်ဆိုတာ တိုက်ရိုက်သက်သေပြဖို့ အထောက်အထားမရှိပေမယ့် ဒါဟာ တော်တော်လေး အန္တရာယ်များပါတယ်” ဟုတရားသူကြီးက ပြောသည်။

လူငယ် ၅ ဦးအနက် ၄ ဦးမှ ချုပ်ရက်ရမန်ယူထားသည်မှာ ၁ နှစ်ကျော်ရှိပြီဖြစ်ပြီး ကျန် ၁ ဦးက အာမခံရထားသူဖြစ်သည်။

 စက်မှုဇုန်အဆောက်အအုံတစ်ခုအတွင်း၌ အလံများ၊ လက်ကမ်းစာစောင်များ၊ လေသေနတ်များ၊ ခဲယမ်းမီးကျောက်များနှင့် နံပါတ်တုတ်များအား ရဲတပ်ဖွဲ့က သိမ်းဆည်းရမိပုံကို အစိုးရရှေ့နေများက အသေးစိတ်ပြောပြခဲ့သည်။

 အဆိုပါအုပ်စုနှင့်ဆက်စပ်သူ ၂၂ ဦးထက်မနည်းမှာလည်း ယမန်နှစ်က အဖမ်းခံခဲ့ရပြီး အမျိုးသားလုံခြုံရေးဥပဒေအရ အကြမ်းဖက်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်သည်ဟူသော သီးခြားစွဲချက်များကို ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required