ရွာပေါင်းစုံသပိတ် ၅၇၄ ရက်မြောက် ဆက်လက် ချီတက်ဆန္ဒပြ

ရွာပေါင်းစုံသပိတ် ၅၇၄ ရက်မြောက် ဆက်လက် ချီတက်ဆန္ဒပြ

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၇၄ ရက်မြောက်နေ့အဖြစ် ယနေ့ အောက်တိုဘာ ၆ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “Accept NUG & Our ambassador, Reject Dictator” စာတန်းကို ကိုင်ဆွဲပြီး ဦးကျော်မိုးထွန်းအား သံအမတ်နေရာတွင် ဆက်လက် ထားရှိရေးတောင်းဆိုခဲ့ကြကာ အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ စတင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly