ထိုင်းနေ့ကလေးထိန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်၍ အနည်းဆုံး ၃၁ ဦး သေဆုံး 

ထိုင်းနေ့ကလေးထိန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်၍ အနည်းဆုံး ၃၁ ဦး သေဆုံး 

အောက်တိုဘာလ ၆ ရက်

ထိုင်းနိုင်ငံတွင် မူကြိုနေ့ကလေးထိန်းကျောင်း၌ ရဲဝန်ထမ်းဟောင်းတစ်ဦး သေနတ်ပစ်ခတ်၍ အနည်းဆုံး လူ ၃၁ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

နိုင်ငံ အရှေ့မြောက်ပိုင်းက နောင်ဘူယာလမ်ဖူအရပ်တွင် ယခု တိုက်ခိုက်မှု ဖြစ်ပွာခြင်းဖြစ်ပြီး သေနတ်သမားက လွတ်မြောက်နေဆဲ ဖြစ်သည်။ 

သေဆုံးသူများတွင် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

တိုက်ခိုက်သူသည် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများကို သေနတ်ဖြင့် ပစ်ခတ်သကဲ့သို့ ဓားဖြင့် ထိုးခြင်းဖြစ်ကာ လက်ရှိ၌ လွတ်မြောက်နေဆဲပဲဟု ရဲက ဆိုသည်။ တိုက်ခိုက်ရန် စေ့ဆော်မှုကို မသိရသေးပေ။ 

ယင်း ရဲဝန်ထမ်းဟောင်းသည် မကြာသေးခင်က အလုပ်ထုတ်ခံထားရသူဖြစ်သည်ဟု ထိုင်းနိုင်ငံတွင်းက သတင်းများက ဆိုသည်။ 

၎င်းကို ဘန်ကောက်မှတ်ပုံတင် နံပါတ်ပြားဖြင့် တံခါး လေးပေါက်ပါ တိုယိုတာ ပစ်ကပ်ကားတစ်စီးကို မောင်းနှင်သွားသည်ကို နောက်ဆုံး တွေ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

သေဆုံးသူများတွင် ကလေးငယ် ၂၃ ဦးပါဝင်သည်ဟု နောင်ဘူယာလမ်ဖူပြည်နယ်ရှိ အကြီးတန်းရဲတစ်ဦးက ပြောကြောင်း အေအက်ဖ်ပီ သတင်း၌ ဖော်ပြသည်။ 

ထိုင်းနိုင်ငံ၌ လူအစုပြုံလိုက် ပစ်ခတ်ခြင်းများက ရှားတောင့်ရှားခဲပင်ဖြစ်သည်။ ၂၀၂၀ ခုနှစ်အတွင်းက နက်ခွန်ရတ်ချာစီမာမြို့တွင် စစ်သားတစ်ဦး ပစ်ခတ်သဖြင့် လူ ၂၁ ဦး သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာ ရခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly