ကမ္ဘာ့ဆရာများနေ့တွင် CDM ဆရာ၊ ဆရာမများကိုဂုဏ်ပြုခဲ့ကြသည့် လက်ပံတောင်းသပိတ်

ကမ္ဘာ့ဆရာများနေ့တွင် CDM ဆရာ၊ ဆရာမများကိုဂုဏ်ပြုခဲ့ကြသည့် လက်ပံတောင်းသပိတ်

မဇ္ဈိမ။ ။ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင်ပါဝင်နေကြသည့် ဆရာ၊ ဆရာမများနှင့် နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများအား လေးစားဂုဏ်ပြုသည့်အနေဖြင့် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းသည် ယနေ့ အောက်တိုဘာ ၅ ရက်တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်သည် " The transformation of education begins with teachers " "Nobel CDM Teachers in the Daring Revolution" စာသားများကိုင်ဆောင်ပြီးချီတက်ခဲ့ကြကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုပေးရန်နှင့် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးတို့ကို တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

“အာဏာဖီဆန်ရေးမှာပါဝင်နေကြသည့် ဆရာ၊ ဆရာမများနှင့် နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ကျွန်ုပ်တို့နဲ့အတူ အာဏာရှင်စနစ်အဆုံးသတ်အချိန်ထိ တော်လှန်တိုက်ပွဲဝင်ပေးကြပါ။

ဆက်လက်ပြီး တောင့်ခံထားပေးကြပါ” ဟုလည်း ကြွေးကြော်ခဲ့ကြသည်။

ထို့အပြင် “ ကြားကာလတွင် ခတ်ခဲပင်ပန်းကြီးစွာ ဖက်ဒရယ်ပညာရေးကို သင်ကြားပေးနေသည့် ဆရာ ဆရာမများကိုလည်း လေးစားဦးညွှတ်ခဲ့ ကြပါသည်” ဟူ၍ သပိတ်ဦးဆောင်သူများကဆိုသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required