BRI ချေးငွေ များပြားလာချိန်မှာ တရုတ်ကိုယ်တိုင် ကြွေးမြီထောင်ချောက်ထဲသို့ ကျရောက်နေ

BRI ချေးငွေ များပြားလာချိန်မှာ တရုတ်ကိုယ်တိုင် ကြွေးမြီထောင်ချောက်ထဲသို့ ကျရောက်နေ

စီးပွားရေးကျဆင်းနေသော ချေးငွေယူထားသည့်နိုင်ငံများသည် တရုတ်ထံအကြွေးမြောက်မြားစွာ တင်လာပြီးနောက် နိုင်ငံပိုင်ဘဏ်များသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI)အောက်ရှိ  ဝင်ငွေနည်းပါးသောနိုင်ငံများအား ချေးငွေပေးမှုကို သိသိသာသာ လျှော့ချလိုက်သောကြောင့် တရုတ်သည် ၎င်းကိုယ်တိုင် အကြွေးထောင်ချောင်ထဲ ကျရောက်လျက်ရှိသည်ဟု European Timesကဖော်ပြသည်။

တရုတ်နိုင်ငံသည် ခါးပတ်လမ်းရပ်ဝန်းအစီအစဉ်အောက်၌ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၁၅၀ နီးပါးကို မြင့်မားသောအတိုးနှုန်းဖြင့် ချေးငွေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော် ပေးခဲ့ပြီး ပထမဆုံး ကမ္ဘာ့အကြီးဆုံး တရားဝင်မြီရှင် ဖြစ်လာသည်။
 
သို့သော် ချေးငွေယူထားသောနိုင်ငံများသည် နိုင်ငံခြားငွေလဲလှယ်မှုအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ တရုတ်ချေးငွေများကို ပြန်မဆပ်နိုင်သောကြောင့် တရုတ်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ တရုတ်ပြည်ပချေးငွေ၏ ၆၀ ရာခိုင်နှုန်းကို ဘဏ္ဍာရေးအကျပ်အတည်းဆိုက်နေသည်ဟု ယူဆရသော နိုင်ငံများက ယူထားကြပြီး ၂၀၁၀ ခုနှစ်က ၁၀ ရာခိုင်နှုန်းသာရှိခဲ့သည်။ 

ပါကစ္စတန်နှင့်သီရိလင်္ကာကဲ့သို့သော နိုင်ငံများသည် တရုတ်အတွက် စိုးရိမ်ရသော နိုင်ငံများဖြစ်သည်။ 

အာဖရိကနိုင်ငံများသို့ ပေးထားသော တရုတ်ချေးငွေများ၏ ၄ ပုံ ၁ ပုံကျော်မှာလည်း အကြွေးနွံနစ် လျက်ရှိသည်ဟု Observer Research Foundation၏ လေ့လာမှုက ဖော်ပြနေသည်။

အာဖရိကတိုက်ရှိ နိုင်ငံများအတွက် တရုတ်၏ ချေးငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံကျော် ရှိသည်ဟု ခန့်မှန်းရသည်။ တရုတ်ချေးငွေကို အဓိကလက်ခံသည့်နိုင်ငံများထဲတွင် အင်ဂိုလာ၊ အီသီယိုးပီးယား၊ ကင်ညာ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဇမ်ဘီယာနှင့် ကင်မရွန်းတို့ဖြစ်သည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း ကြွေးမြီထောက်ချောက်မူဝါဒသည် မကြာခဏဆိုသလို ဝေဖန်ခံရပြီး တရုတ်သည် တခြားနိုင်ငံများတွင် အရေးပါသောအဆောက်အအုံများကို ထိန်းချုပ်ရန်နှင့် စစ်ရေးချဲ့ထွင်ရန် ၎င်းကိုအသုံးပြုနေသည်ဟု စွပ်စွဲခံထားရကြောင်း European Timesက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly