နယ်သာလန်အဖွဲ့က ကုလလူ့အခွင့်အရေးကောင်စီ၌ ဝီဂါအရေးဆွေးနွေးကာ ရှင်ကျန်း လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရုတ်ကိုပြစ်တင်

နယ်သာလန်အဖွဲ့က ကုလလူ့အခွင့်အရေးကောင်စီ၌ ဝီဂါအရေးဆွေးနွေးကာ ရှင်ကျန်း လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရုတ်ကိုပြစ်တင်

နယ်သာလန်အခြေစိုက် အဖွဲ့ဖြစ်သည့် တောင်အာရှလေ့လာရေးဆိုင်ရာဥရောပဖောင်ဒေးရှင်း (EFSAS) သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC ) အစည်းအဝေး၌  ရှင်ကျန်းရှိ မွတ်စလင်လူနည်းစုများ အရေးကို တင်ပခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရုတ်အစိုးရအာဏာပိုင်များအပေါ် အပြစ်တင်ရန် တွန်းအားပေးခဲ့သည်။

ဂျီနီဗာမြို့၌ UNHRC ၏ ၅၁ ကြိမ်မြောက် အစည်းအဝေးတွင် လူ့အခွင့်အရေးအဖွဲ့များနှင့် ယန္တရားများဆိုင်ရာ အထွေထွေဆွေးနွေးပွဲ၌ EFSASမှ သုတေသနလေ့လာသုံးသပ်သူ အာရွန်မက်ဂန်နာက ကုလသမဂ္ဂ လူ့အခွင့် အရေးအဖွဲ့ အစီရင်ခံစာသည် တရုတ်အစိုးရအာဏာပိုင်များကို အပြစ်မတင်ထားကြောင်း ပြောသည်။ 

ရှင်ကျန်းတွင် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း အထောက်အထားများ မခိုင်လုံကြောင်း အကြိမ်ကြိမ် ဖော်ပြထားသည်။

အတင်းအကျပ်ခိုင်းစေမှု၊ အကွက်ချ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အတင်းအကျပ် သားကြောဖြတ်တာတွေ အပါအဝင် အာဏာပိုင်တွေက ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေကို စာရင်းပြုစုထားပေမဲ့ ဒီမူဝါဒတွေဟာ ရှင်ကျန်းမှာရှိတဲ့ လူနည်းစုယဉ်ကျေးမှုတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ အစီရင်ခံစာက အသိအမှတ်ပြုမထားပါဘူး” ဟု အာရွန်မက်ဂန်နာက ဆိုသည်။

ရှင်ကျန်းရှိ အခြေအနေများကို သတိပြုမိစေရန် အစီရင်ခံစာ၏ ထုတ်ပြန်မှုသည် အရေးကြီးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

“ဒီလိုပဲ လူအခွင့်အရေးကောင်စီအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးက သက်ဆိုင်ရာ အာဏာပိုင်တွေကို တာဝန်ခံမှုရှိရေး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ရပါမယ်။ ကုလလူ့အခွင့်အရေးအဖွဲ့တွေဟာ ရှင်ကျန်းမှာ သုတေသန ဆောင်ရွက်ချက်တွေတိုးချဲ့သင့်ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ နက်နက်နဲနဲ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ကို ဖိအားပေးသင့်ပါတယ်။ တာဝန်ခံမှုနှင့် အချက်အလက်တွေ တိုးတက်မှုမရှိရင် ရှင်ကျန်းက အခွင့်အရေးချိုးဖောက်မှုတွေဟာ ပိုမိုဆိုးရွာလာပါလိမ့်မယ်” ဟု   EFSAS မှ လေ့လာသုံးသပ်သူက ပြောသည်။

တရုတ်အာဏာပိုင်များသည် ၂၀၁၇ ခုနှစ်မှစ၍ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝီဂါနှင့် အခြား တာကစ်လူနည်းစုများအပေါ် နှိမ်နင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ခန့်မှန်းအားဖြင် ထိုလူမျိုးစု ၁ ဒသမ ၈ သန်းခန့်ကို အကျဉ်းစခန်းများတွင် ထိန်းသိမ်းထားပြီး အချို့မှာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု၊ နှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနှင့် အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှုတို့ကို ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required