တရုတ်နျူကလီးယား လက်နက်များအရှိန်အဟုန်ဖြင့် များပြားလာမှုက အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်လာ 

တရုတ်နျူကလီးယား လက်နက်များအရှိန်အဟုန်ဖြင့် များပြားလာမှုက အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်လာ 

တရုတ် နျူကလီးယားလက်နက်များအရှိန်အဟုန်ဖြင့်များပြားလာမှုက အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးအန်တိုနီကော့တွန်က သတိပေးလိုက်သည်။

တရုတ်၏နျူကလီးယားလက်နက်များအရှိန်အဟုန်ဖြင့်များပြားလာမှုနှင့်ပတ်သက်၍အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီကို ဗိုလ်ချုပ်ကြီးအန်တော်နီကော်တွန်က သတိပေးထားသော်လည်း တရုတ်က အမေရိကန်ကိုမခြိမ်းခြောက်နိုင်သေးကြောင်း စင်ကာပူပို့စ်သတင်းတွင် ဖော်ပြထားသည်။

တရုတ်တွင်မကြာသေးမီကပထဝီဝင်ဆိုင်ရာပြောင်းလဲမှုများကတရုတ်ကဒုံးကျည်များထည့်ထားရသည့် ဒုံးကျည်လုံများကိုလျင်မြန်စွာတည်ဆောက်နေကြောင်းဖော်ပြနေသည်။
 
မကြာသေးမီ၂၀၂၁ခုနှစ်အထိဟာမီနှင့်ယူမန်တို့တွင်တရုတ်အစိုးရကတည်ဆောက်ဆဲနေရာအသစ်၂၂၉ခုရှိသည်။
 
တရုတ်တွင်အသုံးပြုရန်အဆင်သင့်ဖြစ်နေသည့်စုစုပေါင်းထိပ်ဖူး၃၅၀ရှိပြီးယင်းတို့အနက်၂၄၈ခုသည်မြေပြင် အသုံးပြုရန်ဖြစ်ပြီးပဲ့ထိန်းဒုံးကျည်၇၂လုံးသည် ပင်လယ်ပြင်တွင် ဖြန့်ကျက်ရန်ဖြစ်ကြောင်း သတင်းရင်းမြစ်များကဆိုသည်။

တရုတ်နျူကလီးယားလက်နက်များတွင်မဟာဗျူမြောက်နျူကလီးယားရေငုပ်သင်္ဘောများနှင့်အတူ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) အရေအတွက်လည်းတိုးလာနေသည်။
 
ထို့ပြင်တရုတ်တွင်ဒုံးကျည်လုံ၂၀ဝကျော်တည်ဆောက်မှုကြောင့်ပြိုင်ဘက်နိုင်ငံများကပေကျင်း၏ရည်ရွယ်ချက် များကို သတိထားနေသည်။

 ပြီးခဲ့သည့် နှစ်၂၀အတွင်းတရုတ်က ပိုင်ဆိုင်ခဲ့သည့်ခြိမ်းခြောက်မှုမရှိသောICBM ဒုံးကျည်လုံ အရေအတွက်၂၀ထက်မကြာသေးမီကတိုးလာမှုသည်ရုတ်ခြည်းများသွားခဲ့ကြောင်းThe Singapore Post ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required